ကျောင်းမှာမသင်တဲ့စာတွေ ငါ..အိမ်မှာကျက်ရတဲ့အခါ စိတ်လိုလက်ရ ခမ်းနားခွင့်ရတဲ့ရက်တွေမှာ

Friday, April 30, 2010

'Resignation Letter'




လူတိုင်းလူတိုင်းဟာ..ကိုယ်ကအလုပ်ကိုရွေးချယ်ထားတဲ့ဘ၀နဲ့..အလုပ်ကကိုယ့်ကိုရွေးချယ်ခံထားရတဲ့ဘဝ
ဆိုပီး..အခြေအနေအရပ်ရပ်တွေနဲ့..အလုပ်လုပ်နေကြရတာများပါတယ်။ကိုယ်ကအလုပ်ကိုရွေးချယ်ရယူထားတဲ့
ဘ၀ကတော့..ဘာပြောကောင်းမလဲလေ...သူ့အတွက်အတိုင်းအဆမဲ့ကံကောင်းခြင်းပဲဖြစ်မှာပေါ့။
ဘာလုပ်လုပ်...ကိုယ်လုပ်နေရတဲ့အလုပ်ကိုကျေနပ်နှစ်သက်နေဖို့ရယ်...လုပ်နေတဲ့အချိန်မှာတော့...အဲဒီအလုပ်ကို
စိတ်ပါလက်ပါလုပ်နိုင်ဖို့ရယ်...ဒါသိပ်အရေးကြီးတယ်လို့..ထင်မိပါတယ်။
ကျနော့်အတွက်ကတော့...ကျောင်းသားဘ၀ ပြီးဆုံးတာနဲ့...ကျနော်ခြေစုံပစ်ဝင်လိုက်ရတဲ့..
ကျနော့်လုပ်ငန်းခွင်ဟာ..ကျနော်ကိုယ်တိုင်ကျေကျေနပ်နပ်ရွေးချယ်ခွင့်ရခဲ့တဲ့ဘ၀..မဟုတ်ဘူးဆိုတာပါပဲ။
ဒါပေမဲ့...အဲဒီလုပ်ငန်းခွင်မှာ..ကျနော် ၇ နှစ်ကြာခဲ့တယ်။

ဒါပေမဲ့...အဲဒီလုပ်ငန်းခွင်မှာ..ကျနော်ပျော်ခဲ့တယ်။
ဒါပေမဲ့...အဲဒီလုပ်ငန်းခွင်ကနေ..ကျနော်ထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားခဲ့တယ်။
ဒါပေမဲ့..အဲဒီလုပ်ငန်းခွင်လေးကို..ကျနော်..ပြန်ပြန်တမ်းတနေမိတယ်။

ဒီကဗျာလေးကိုရေးဖြစ်ခဲ့တာ နှစ်တွေတော်တော်ကြာခဲ့ပါပီ။ ကျနော့်ကဗျာဟောင်းတွေထဲကတစ်ပုဒ်ပါ။
အစိုးရ၀န်ထမ်းလခစားတွေရဲ့..လစာနဲ့ကုန်ဈေးနှုန်းကြား...ဖြစ်လေ့ဖြစ်ထရှိနေတဲ့..သာမန်ပဋိပက္ခလေးပါပဲ။ (သာမန်လို့ပြောတာက...တို့တွေဆီမှာ.အကျပ်အတည်းဆိုတာမျိုးက...ရိုး..ဟိုး.. ဟိုး..နေဘီလေ)။
“လာဘ်ထိုးရန်မလို” ဆိုတဲ့နံရံပေါ်ကစာသားတွေကို “လာဘ်ထိုးလျှင်ရန်မလိုတော့ပါတကား” လို့
အသားထဲကလောက်ထွက်ပီး...အံချော်ချော်အတွေးမျိုးတွေနဲ့ဖြတ်သန်းခဲ့တဲ့...အဲဒီအချိန်ကာလတွေအကြောင်း
ပြန်တွေးမိတိုင်း...ပျော်ပါတယ်။ ကျေလဲကျေနပ်မိပါတယ်။ဒီအလုပ်ကို ကိုယ်တိုင်ရွေးချယ်ခဲ့တာမဟုတ်ပေမဲ့
ဒီလောက်ကြာအောင်လုပ်နေခဲ့တာကတော့..ကိုယ့်ရွေးချယ်မှုပဲလေ။
ဒီလိုပဲ...မရုန်းထွက်နိုင်တော့တာရယ်..မရုန်းထွက်ချင်တော့တာရယ်..၀ါသနာဆိုတာတွေကြောင့်ရယ်....
အကြောင်းကြောင်းသောအကြောင်းကြောင်းတွေကြောင့်...လုပ်ငန်းခွင်မှာဆက်ရှိနေသေးတဲ့...သူငယ်ချင်းတွေ
အားလုံးကို..သတိရမိတဲ့...အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှာ...ဒီကဗျာအဟောင်းလေးကို..ဒီပို့စ်ပေါ်တင်
လိုက်ပါတယ်။ အလုပ်သမားများဖြစ်နေဆဲဖြစ်ကြသော....မိမိကိုယ်တိုင်အပါအ၀င်..အားလုံးသော...
သူငယ်ချင်းများစွာအတွက်။ ။



“Resignation Letter”


ခြောက်ခြားသွေးပျက်ဖွယ်ရာ
အကျပ်အတည်းတွေမှာ...
ငါ့ကိုငါပြန်မဆက်နိုင်လောက်အောင်
တစစီကြေမွှခဲ့။

ကံကြမ္မာရဲ့ခါးသီးမှုတွေမှာ
အူမ မတောင့်နိုင်တော့တာသိရလို့
ဒုတိယ ဘုရားသခင်ကိုပဲ
ကျေးဇူးတော် အခါခါ ..ချီးမွမ်းလိုက်ရတယ်။

အဲဒီနေ့ပေါ့။
ငါ့ကိုလှလှလေးပြုစားထားတဲ့
လက်ရှိရပ်တည်မှုနွံက ရုန်းဖို့
ပထမခြေအလှမ်းမှာတင်
တစ်ချို့သိက္ခာ တရားတွေ...
ကျိုးကျေလွင့်ပျယ်။ ။



vowel
(2010 Mayday)



"If you choose to do something,then you shouldn't say it's sacrifice,
because nobody forced you to do it."
(Daw Aung San Suu Kyi)



Note:(This pic is Russian poster for Mayday from Wiki)

Wednesday, April 28, 2010

Recreational Fishing



'Recreational Fishing'

ကဗျာတစ်ပုဒ်က
ကဗျာတစ်ပုဒ်ကို ဖတ်တယ်ဆိုတာ
တစ်ယောက်က တစ်ယောက်ကို..
အသိဥာဏ်နဲ့..ထောင်ဖမ်းသလိုပါပဲ
တစ်ယောက်ကတစ်ယောက်ကို မိခါနီးမှာ
အသိဥာဏ်က လွတ်ထွက်သွားမယ်..
မုဆိုးဖြစ်လိုက်...သားကောင်ဖြစ်လိုက်။

တဒင်္ဂ ပဲ...။
လူပြောများတဲ့...golden second
ဖြတ်ခနဲ လွတ်ကျသွားနိုင်တယ်
ဖြုတ်ခနဲ ပြတ်ကျသွားနိုင်တယ်
ပွဲမပြီးခင်ထပြန်တတ်တဲ့ အကျင့်ကိုတော့
ဒီတစ်ခါ
ဖျောက်ထားရမယ်..။

တီးလုံးပြောင်းတိုင်း..ကကွက်ပြောင်း က တတ်တာ
ကောင်းပါတယ်...ကောင်းပါတယ်
တစ်ခုခုကို ပစ်ယုံထားလိုက်ရင်...
Third exit ဆိုတာ..နေရာတိုင်းမှာရှိနိုင်တယ်။

ငါ့ချိတ်ထိပ်မှာ..
နင့်ဘ၀တစ်ခုလုံးစာ ဖူလုံမဲ့
စစ်မှန်မှုက...
တီတစ်ကောင်လို...တွန့်လိမ်လို့။ ။ ။


vowel
(28April2010)

Tuesday, April 27, 2010

To Liberated area


"To liberated area"


စာသင်တာဖြစ်ဖြစ်...
ကဗျာရေးတာဖြစ်ဖြစ်...
ဘောလုံးပွဲကြည့်တာဖြစ်ဖြစ်...
ဆန္ဒပြတာဖြစ်ဖြစ်...
ဒါ..သင့်အတွက်..ဘူဖေးပဲဖြစ်ပါတယ်။
(ကြိုက်ရာယူငင်စားသုံးလော့)

ဒီကမ္ဘာမှာ ဈေးအကြီးဆုံးပစ္စည်းက
“ငွေအသပြာ”လား
“ရိုးသားမှု” လား
“လူ့အခွင့်အရေး”လား
ဒါမှမဟုတ်...“ငါ့ကဗျာ” တွေများလား။

လက်တစ်ဆုပ်စာအိပ်မက်ပိစိကွေးလေးကိုတောင်
အပိုင်မ၀ယ်နိုင်လို့
အဆင်ပြေမယ်ထင်သလို
နေ့ပြန်တိုးနဲ့ ချေးငှားခဲ့ရ
တစ်ဘ၀စာ။

ကိုယ်ပစ်လိုက်တဲ့မြှားတွေ...
ကိုယ့်ဆီတစ်ဖောက်ဖောက်ပြန်ဝင်လာ
ကိုယ့်အတွက်ကတော့..
ကိုယ်ပေးလိုက်သလောက်ကိုယ်ပြန်ရတာ...
“ကဗျာ”တစ်ပုဒ်ပဲရှိပါတယ်။

ဘုရားသခင်အရေးပေါ်ဖန်ဆင်းသလို
ခါတော်မီပါတီတွေနဲ့..
ဆင်လိုလို...သမင်လိုလို
ဒေါင်းလိုလို...ကျီးလိုလို
ဟိုလိုလို...ဒီလိုလို..တွေများတဲ့လောက
ခေါင်းပေါင်းလှလှလေးနဲ့ဆိုရင်တော့
မင်းသားလိုလို..ဘာလိုလိုပေါ့။

ဒါပေမဲ့
'ဘယ်သူမပြု မိမိမှု'...တဲ့
ဒီ ဘဒ္ဒကမ္ဘာရဲ့ဒပ်ဖနေးရှင်း ကို
လူချများတဲ့..ဘောလုံးပွဲတစ်ပွဲလို့...
ဘာသာပြန်ဖို့ကန့်ကွက်ကြောင်း
ကိုယ်လဲ “မဲ” ၀င်ပေးခဲ့ပါသေးတယ်။

“ဖုဋ္ဌဿ လောကဓမ္မေဟိ၊
စိတ္တံ ယဿ န ကမ္ပတိ။”

အို...
နူးညံ့အေးဆေး...
မာတုဂါမလေး..ငဲ့
စိတ်ကိုငြိမ်အောင်..(ငြိမ်းအောင်)
အသာအယာ သာ မွေးမြူလော့.။


သရ
(၂၀၁၀ ဧပရယ်လ်၂၇)

ဦးကျော်သူအတွက်မုဒိတာကဗျာ





“သူ့ရိက္ခာ”

တစ်ခေတ်တစ်ခါမှာ..တစ်မိပေါက်တစ်ယောက်ထွန်း...တဲ့
အမယ်လေး..သုဘရာဇာ။
အောက်ကျနောက်အကျဆုံး (ရှေးလူတွေအပြော..)ဆိုတာကိုမှ
စိတ်ဝင်စားတာ..ဒါလား...သူ့ဝါသနာ။

(ကဲ...ကဲ..ဒါဖြင့်)
သူမလုပ်ရင်..ဘယ်သူ (ဘယ်သူတွေ) လုပ်မတဲ့လဲ။
သူ....မင်းသားလုပ်တာ
သူ.....ဒါရိုက်တာလုပ်တာ
သူ...ရုပ်ရှင်ရိုက်တာ
ဘယ်နှစ်ဘ၀စာ..ရိက္ခာတဲ့လဲ
ဘယ်ဘုံဗိမာန်မှာ..မြေကွက်ဝယ်ထားနိုင်ပီတဲ့လဲ
(ကဲ...ကဲ..လူကြီးမင်းများ..ကြုံရင်ဖြေသွားပါ)

“ဒါကိုငါလုပ်မယ်” လို့ရွေးလိုက်တဲ့ဘ၀က
“ငါ့ကိုဒါလုပ်ရမယ်” လို့ပေးလိုက်တဲ့ဘ၀ထက်
ဘယ်လောက် ပိုခမ်းနားမလဲ
တွေးမိရုံတောင်..ငါဖျားသွားတယ်။

(အလှုမတတ်လို့)
လှုတိုင်းကုသိုလ်မရဖြစ်နေတတ်တဲ့လူမျိုးတွေကြား
တကယ်လိုနေတာကို ဖြည့်ဆည်းဖို့
တကယ်လိုနေတာကို ပေးဆပ်ဖို့
တကယ်လိုနေတာကို ဆောင်ရွက်ဖို့
လာပြီ..လာပြီ..“ပြည်သူ့ဂုဏ်ရည်”။

သူ့မျက်လုံးတွေ..သေချာကြည့်
“ကျော်သူ” နဲ့တူသေးရဲ့လား။

ငါပဲ...
သူ့ကို
အားကျလိုက်ရတာ။ ။ ။


သရ

၂၀၁၀ ပထမအကြိမ်ပြည်သူ့ဂုဏ်ရည်ဆုကိုရရှိသွားသော ဗြဟ္မစိုရ်အသင်းဥက္ကဌကြီး
ဦးကျော်သူအား..လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။


see more in detail www.citizenofburma.org


Thanks to Ko Nay(New York) for your message.
Thanks to Mr.Ganges for your encouragement to write a poem for this fact.

Saturday, April 24, 2010

“၀က်ဖြူရေ အတက်”





ကျနော်တို့အပေါင်းအသင်းတွေကြားမှာက..အသက် ၂၅ လောက်ဆိုရင် အိမ်ထောင်ပြုသင့်တဲ့အရွယ်ပေါ့လေ။ “အသက်အစိတ်မှ ပုခက်မချိတ်ရင် တစ်သက်မနိပ်ဘူး” ဘာညာပေါ့...ပြောကြဆိုကြတယ်ဗျ။
ကျနော်ကိုယ်တိုင်..အသက်အစိတ်ကိုတော်တော်ကျော်တက်လာတော့...ကျနော့်သူငယ်ချင်းတွေကိုယ်တိုင်လဲ
ဒီလိုပဲ..တစ်ချို့ကကျနော့်လိုပဲ...တော်တော်မနိပ်ကြသေးတာ...တွေ့တွေ့လာရတယ်လေ။
တစ်ချို့ကတော့..အိမ်ထောင်ပြုချင်ရက်နဲ့..ရည်းစားသနာဘာညာဆိုင်ရာပိုင်ရာတွေလဲရှိရက်နဲ့...
မပြုနိုင်ကြသေးတာ။ တချို့ကျတော့..ရည်းစားရယ်လို့လဲ..လက်ဆုပ်လက်ကိုင်မယ်မယ်ရရမရှိ..
အိမ်ထောင်လဲ..ရွယ်တူသူများတကာတွေရဲ့မင်္ဂလာဆောင်ပွဲတွေတက်ရတာဘာညာရှိလာတော့
ဖီးလ်က..နဲနဲဖြစ်လာ...ငါအလှည့်ကျရင်တော့..ဆိုတဲ့အတွေးက မင်္ဂလာဆောင်တွေသွားတိုင်းတွေးဖြစ်..
တွေးဖြစ်တိုင်းလဲ..ဘာကိုမှန်းမသိ စိတ်တိုင်းမကျဖြစ်ရ...ဖီးလ်တွေတက်...နောက်တော့..ခဏခဏဆိုတော့
မခံစားနိုင်တော့တာနဲ့...“ဟေ့..ငါတို့က...အပျိုကြီးလုပ်မှာ...အပူမရှာချင်ဘူးဟေ့...ဆားနဲ့ပဲစားရစားရ
အေးအေးသာသာပဲနေချင်တယ်ဟေ့...” ဘာညာပေါ့...အသံကောင်းတွေဘာတွေဟစ်ပီး...ရသေ့စိတ်ဖြေ
နေလိုက်ကြတော့တယ်။ စိတ်ထဲမှာတော့...“ဖူးစာရေးနတ်နှယ်...ဘယ်သဝေထိုးနေပါလိမ့်..ငါတစ်ယောက်
လုံးကို..မမြင်များ..မမြင်လေရော့သလား” ပေါ့။ဟိုသီချင်းလေးထဲကလိုပါပဲ...တော်တော်မှန်တဲ့သီချင်းလေးပါ။
“ သိက္ခာလဲမကျအောင်..လိပ်ပြာလဲလှအောင်..အိပ်ယာထဲကိုဝင်..နဖူးပေါ်လက်တင်..စိတ်ကူးလေးတွေယဉ်”
ဒီလို..ဒီလို...နေထိုင်ရှင်သန်ဖြတ်သန်း..တစ်ကိုယ်တော်ခရီးရှည်တွေ..တစ်ဝါထက်တစ်ဝါ ရှည်လျားထွေပြားလာ
မိသားစုတာဝန်တွေက...အိမ်က...အဖေအမေမိဘတွေက..ညီညီမတွေက..ဘာတွေက...ညာတွေက...
သူဟာနဲ့သူတော့..ရီဇင်နေဘယ်လ်ဖြစ်နေတာပါပဲ။ဒါပေမဲ့..လောကီကို..ပယ်စွန့်ထားကြသူတွေမှမဟုတ်ပဲ။
အားလုံး(အားလုံးနီးပါး..)ရဲ့ရင်ထဲမှာ...ဘ၀အမောတွေကို..ဘယ်လိုဖြေမလဲ..ဘယ်မှာဖြေမလဲ..ဘယ်တော့ဖြေမလဲ..
ဆိုတဲ့အတွေး..စိတ်ကူး..အိပ်မက်...မရှိဘူးလို့မပြောနိုင်ပါဘူး (..လို့...ထင်တာပဲလေ။..အဟဲ။)

ကလောဆိုတာက..ရှမ်းပြည်တောင်ပိုင်းဖက်ကားနဲ့ရောက်ဖူးသူတိုင်းဖြတ်ဝင်ရတဲ့တောင်ပေါ်စခန်းမြို့လေးပါ။
ဟိုးရှေးတုန်းကဗြိတိသျှခေတ် တစ်ခေတ်သာမရှိခဲ့ရင်..ကလောမြို့လေးရဲ့အလှက တောကကွမ်းတောင်ကိုင်
စာဥလေးလိုပဲ.. ရွက်ပုံးသီး ပလောင်ရွာလေးတစ်ရွာပဲဖြစ်နေမယ်ထင်ပါတယ်။သူတို့အပမ်းဖြေဖို့..မြို့ကို
ပုံသွင်းလိုက်တော့မှ...ရှိရင်းစွဲအလှတရားတွေက...ရုန်းကြွ..ဥရောပဆန်တဲ့မြို့လေးတစ်မြို့ရယ်လို့ဖြစ်လာ
ရတာကိုး။ ဒယ်အိုးကို(တစ်ချို့က ဇလုံ လို့ပြောတယ်)ပလောင်လို“ကလောက်”လို့ခေါ်တယ်လို့ကြားဖူးပါတယ်။
ကလောက်လို့ခေါ်ရာကနေ ကလောပေါ့..အဆင့်ဆင့်ဖြစ်လာတယ်ပေါ့လေ။
ဒယ်အိုးနှင့်တူသောမြို့ ပေါ့လေ။
တကယ်လဲ...ပတ်ပတ်လည်မှာကမြူခိုးတွေဆိုင်းနေတဲ့တောင်တွေပတ်လည်ဝန်းခြံရံထားတဲ့
ချိုင့်ဝှမ်းမညီမညာတွေကြားမှာ..မြို့ကိုမရမက တည်ထားတယ်။ ကုန်းဆင်းကုန်းတက်တွေနဲ့..မြို့ကလေးက..သွားရလာရတော်တော်ခက်တယ်။
အဲမြို့ကလေးဆီလာရာလမ်းကိုက....သာစည်ဖက်ကနေ..တက်လာပီဆိုတာနဲ့ကိုတော်တော်ခက်ခဲတော့တာ။
တောင်ပေါ်မြို့ဆိုတော့လေ..။ကားနဲ့တက်လာဖူးသူတွေတော့သိကြမယ်ဗျ။ဝက်ဖြူရေဆိုတာကို...။
ကလောအတက်က၀က်ဖြူရေ-ရေယောင်းမ-ရေယား ဆိုတဲ့ရွာလေးတွေထဲက..နာမည်ကြီးရွာလေးတစ်ရွာပါပဲ။
အဝေးပြေးခရီးသည်တင်ကားတွေ..ကုန်ကားတွေ..ခဏနားကြရတဲ့ရွာလေးတစ်ရွာပေါ့။
အဲနားလေးက...တောင်တက်လမ်းကလဲ..တော်တော်လေးနာမည်ကြီးတယ်...။အိမ်ပြန်လမ်းမှာ
အဲဒီနားလေးကိုရောက်တိုင်း...ကဗျာလေးထဲက..အတွေးတချို့ကို..ထိထိရှရှခံစားမိတဲ့အိမ်အပြန်
တစ်ခေါက်မှာတော့..ဒီကဗျာလေးကိုရေးမိသွားတယ်။








“၀က်ဖြူရေ အတက်”


ငါ့အပေါ် စီးမိုးထားတဲ့
တောင်ကမ်းပါးယံရယ်
ငါကငုံ့ကြည့်နေရတဲ့
တိမ်လွှာမျှင်တွေရယ်
တောင်ကတစ်ဖက်...တိမ်ကတစ်ဖက်
အသွားခက်လိုက်တာ။

သွားဖို့ပြင်နေတဲ့လမ်းတွေရယ်
သွားရင်းပြင်နေတဲ့လမ်းတွေရယ်
ဒီလိုပါပဲ..ဘ၀ဆိုတာ...
မီးစင်ကြည့်ကရတဲ့..ပွဲပေါ့။

အစွန်းရောက်ချင်တဲ့စိတ်တွေရယ်
အစွန်းလွတ်ချင်တဲ့စိတ်တွေရယ်
မီးဇာတစ်ဖက်...ရေမှုတ်တစ်ဖက်ဆိုတော့
ငိုရှိုက်ရင်းငြီးတွားရင်း....
ဂီယာကြီးနဲ့ ပန်းတက်ရ
ခေါက်ကွေ့တွေမှာ..ခြေကုန်လက်ပမ်းကျခဲ့ရနဲ့
အခု..ငါလေ..မောလွန်လွန်းလို့...
ကလောမြို့ရောက်ရင်..နားချင်ပြီ။ ။ ။


သရ

(ကဗျာဟောင်းများကိုတူးဆွမိသော..ဧပရယ်တစ်ညတွင်..
ဘ၀တူသူငယ်ချင်းများအတွက်ဟုဆိုကာရေးခဲ့သော ကဗျာတစ်ပုဒ်ကို
ခံစားမိသလောက်...ပြန်လည်ခံစားမိခြင်းမျှသာဖြစ်ကြောင်း)



Friday, April 23, 2010

ငါ စာကျက်တဲ့နေ့

မနက်စောစော..ကော်ဖီသောက်ရင်း သတင်းစာအဟောင်းတစ်စောင်ကိုကောက်ကိုင်မိတော့မှ..အရင်ကတည်းက
တွေးမိထားပီး...တွေးရုံအဆင့်မှာပဲထားထားသေးတဲ့...အတွေးလေးက..ခေါင်းထဲကမန်းကတန်းပြန်ဝင်လာတယ်။
“အင်း..အင်္ဂလိပ်စာလေးဘာလေး...ပြန်လေ့လာမှရမယ်။“အခြေခံရဲ့အခြေခံ”ကနေပြန်ပီးလေ့လာမှရတော့မယ်”
ဆိုတဲ့...ကိုယ့်အခြေအနေကိုယ်..အတွေးမှန်အမြင်မှန်ရမိတဲ့ မနက်စာလေးပါပဲ။
There is no more beautiful life than that of a student. ဆိုတဲ့စကားလေးသွားသတိရတယ်။
ပေါ့ပါးပျော်ရွှင်ခဲ့သောနေ့စွဲများဆိုတာ...လူတိုင်း..လူတိုင်းမှာအနည်းနဲ့အများရှိမှာပေါ့။ ကျောင်းသားဘဝ
ဆိုတာကတော့..တကယ်ပဲ ဘူးသီးဖိုး လိုက်ဖ် ပါ..။စာမှစာ...စာပီးတော့စာ...စာသာလျှင်ပထမ..စာသာလျှင်
ဒုတိယ..ဆိုတဲ့လူတွေကတော့..မသိဘူး..။ကျနော်တို့ကတော့..တော်တော်ပေါ့ပါးပျော်ရွှင်ခဲ့ပါတယ်။
ဘယ်လောက်ပေါ့ပါးပျော်ရွှင်ခဲ့ရသလဲဆိုရင်....ဆရာ ဆရာမတွေအမြင်မှာ ငပေငတေတွေလို့..
သတ်မှတ်လာတဲ့အထိ တော်တော်လေးလဲပေါ့ပျက်ပျက်ဖက်ကိုပို..ရောက်ခဲ့တယ်ထင်ပါတယ်။
ကျနော်တို့အတွက်ကတော့...တစ်နှစ်တစ်တန်းအောင်ခဲ့အောင်ကြိုးစားခဲ့တာကိုပဲ...ဟုတ်လှပီထင်နေတာ။
ဘာပဲဖြစ်ဖြစ်...ဘူးသီးဖိုး လိုက်ဖ် ကိုတော့...အဲဒီကာလတွေမှာ..ဖြတ်သန်းခဲ့ရဖူးပါတယ်။ကိုယ်ရဖူးတဲ့
ပေါ့ပါးပျော်ရွှင်ခဲ့ရတဲ့ဘ၀တွေကို...အမြဲတမ်းပြန်ပြန်သတိရ ရနေတတ်ရင်ကောင်းမှာ။စိတ်ပျိုဆေးပေါ့။
ကျောင်းတက်စာကျက်နဲ့..လောကဓံက..အဲဒီအရွယ်မှာ..တော်တော်ချိုမြိန်နိုင်ခဲ့ကြတာကိုး။
လိုက်ဘရီမှာ..တနေကုန်စာတွေဖတ်..ကဗျာတွေထိုင်ရေး..နဲ့..ကမ္ဘာကြီးတစ်ခုလုံး ကိုယ့်ဖက်မှာရှိနေသလိုလို
သွေးနထင်ရောက်နေ့စွဲတွေ..တစ်နေ့တော့ ငါ...တစ်ခုခုဖြစ်ရမယ်ဆိုတဲ့ ဘ၀င်တမျိုးနဲ့..
ကျောင်းရဲ့လမ်းမတွေပေါ် ခပ်ကြမ်းကြမ်းလျှောက်ခဲ့တာတွေ...ခုပြန်တွေးကြည့်တော့..
တကယ်ကိုအောက်မေ့တမ်းတလွမ်းဆွတ်ချင်စရာ။

စာအုပ်အဟောင်းလေးတွေဖွင့်ကြည့်တော့ အထဲက ကဗျာအဟောင်းလေးတွေ..ထွက်ကျလာတယ်။
“ကိုယ်တစ်ယောက်ထဲ ရဲရင့်ခဲ့ရသောနေ့စွဲလေးတွေအကြောင်း” ရေးထားတာနေမှာ...
(ဒီနေရာမှာ..ကျနော်ကဇာတ်ကြောင်းပြောသူနေရာရောက်သွားသလိုခံစားရလို့လေ...)
ဘ၀မှာရှိခဲ့ဖူးတဲ့ ကဗျာလေးတွေက...သူ့အကြောင်းတရားနဲ့သူ..ပြည့်စုံလုံလောက်နေခဲ့တာကို
ခုနေပြန်တွေးကြည့်တော့..ကျေနပ်ပါတယ်။

“သူများရေးတဲ့ ကဗျာကို ဖတ်ရတာ အားမလိုအားမရဖြစ်ရတဲ့အခါ..

ကိုယ်တိုင်ရေးထားတဲ့ကဗျာလေးတွေကို ပြန်ဖတ်ရတာကလဲ...တော်တော်လေး..ပျော်စရာကောင်းပါတယ်။”
(အဟမ်း..အဟမ်း...ရည်ညွန်း- ကျမ်းကိုး-ရက်ဖရန့်စ်..ဘာညာထဲ့စရာမလို... အချင်းချင်း...ကော်ပီရိုက် တွေဘာတွေလုပ်နေမဲ့အစား ကော်ဖီသာတိုက်လိုက်ပါဟု..အထက်ပါစာပိုဒ်ယူသုံးရန်တရားဝင်ခွင့်ပြုမိန့်ရရှိပီး)
လူတိုင်း လူတိုင်း..အဲသလို လွတ်လပ်စွာခမ်းနားထည်ဝါခွင့်...အပြည့်အ၀ ရခဲ့ကြတာပဲလေ...နော်။
ဟုတ်ဖူးလား။ကျနော်ခမ်းနားခဲ့တဲ့...ထည်ထည်ဝါ၀ါနေ့စွဲတွေကတော့...စိတ်ကိုစုပီးခဏလေးငြိမ်ငြိမ်ထိုင်
လိုက်တာနဲ့ ရလိုက်တဲ့အာရုံခံစားမှုတစ်ခုအတွက်..စကားလုံးတွေ..ဝေါဟာရတွေက တာကျိုးသလိုလက်ဖျားကနေစာရွက်တွေပေါ်ရောက်ခဲ့တဲ့ နေ့စွဲဝါ၀ါလေးတွေပါပဲ။ အမှန်တကယ်ပျော်ရွှင်ခဲ့ပါတယ်ဆိုတာကို ခုနေပြန်တွေးကြည့်လိုက်တော့..သိပ်မသေချာတော့သလိုပဲ။
၂၀၀၅ ခုနှစ်မှာ..ကဗျာတွေအများဆုံး တာကျိုးခဲ့တယ်။ အကျအဆုံးတွေလို့ ပြောရမှာ..အားနာစရာကောင်းရ
လောက်အောင်...ခမ်းနားခွင့်ရခဲ့ပါတယ်။အဲဒီအချိန်မှာ...ကျနော်ဟာ ကျောင်းသားတစ်ယောက်မဟုတ်တော့
ပေမဲ့...ကျနော့်ကျောင်းသားဘ၀လေးကို..ကျနော့်ကျောင်းသားတွေရဲ့ ဘ၀လေးတွေနဲ့...ယှဉ်ပီး...ရေးခဲ့ဖူးတဲ့
ကဗျာလေးတစ်ပုဒ်ပါ။အဟောင်းပေမဲ့..ကောင်းနေဆဲလို့ကိုယ်ကိုကိုယ်...မျက်ခွက်ပြောင်ပြောင်ချီးမွမ်းပီး
ရေးတင်လိုက်ပါတယ်။အေးသာယာဆိုတဲ့တောင်ခြေကမြို့ငယ်လေးတစ်ခုရဲ့..ညောင်ညိုပင်ရိပ်မှာရေး
ခဲ့တယ်လို့...ကဗျာအောက်မှာ...လက်ရေးသော့သော့တွေနဲ့..မှတ်တမ်းရေးထားတာကိုလဲ...ပြန်ဖတ်ပီး
ကိုယ့်ဘာသာပြုံးနေမိကြောင်း....။



ငါစာကျက်တဲ့နေ့

စိတ်လိုလက်ရ ခမ်းနားခွင့်ရတဲ့နေ့တွေမှာ
ငါဟာ..ငါ့စိတ်နဲ့အဝေးမှာ
ဟိုတစ်ချိန်ကဆိုတဲ့ ရင်ထဲကစာကြောင်း
နင်ပြန်မဖတ်ပါနဲ့တော့
ငါ့အနားမှာ...
နောက်ပီးတော့..နင့်အနားမှာ
ယင်ကောင်တွေ...တရုန်းရုန်းနဲ့လေ
ဂုဏ်သိက္ခာပေါ်မှာ....
သံယောဇဉ်ပေါ်မှာ....
ချစ်ခြင်းတရားပေါ်မှာ..
...အစရှိသဖြင့်...တွေပေါ်မှာ...
လာနားကြတဲ့အခါ
ငါက နင့်ကို...
နောက်ပီးတော့..နင့်အကြည့်တွေကို
တာဝန်အရ...အနီကဒ်ပြလိုက်ရတယ်။
လူဆိုတာ..ဟန်ဆောင်တတ်ရမယ်
လိမ်ညာတတ်ရမယ်
လှည့်ဖြားတတ်ရမယ်
ကျောင်းမှာမသင်တဲ့စာတွေ
ငါ..အိမ်မှာကျက်ရတဲ့အခါ
စိတ်လိုလက်ရ ခမ်းနားခွင့်ရတဲ့ရက်တွေမှာ
ငါဟာ..နင့်စိတ်နဲ့..အဝေးမှာ။ ။ ။

သရ

"The world full with sorries"


ခုတစ်လောအသက်ကလေးရလာလို့လားမသိဘူး။ဇေယျာကစကားပြော(အဲလေ...)ဇရာက စကားပြောလာတယ်ထင်ပါတယ်။
အရင်လို“ဒါဆိုဒါမှ”တို့“ဗူးဆိုရင်ဖရုံမသီးဘူး”တို့အဲလိုတွေသိပ်မဖြစ်တော့ဘူး။“အိမ်း..ကံ ကံရဲ့အကျိုးပေပဲ..ယောနိသောမနသီကာရပေါ့” ဆိုပီး...တရားရနေတာမျိုးလဲမဟုတ်ဘူး။
ဖြစ်သမျှအကြောင်းအကောင်းချည်းပဲ လို့ တွေးမိနေပုံပေါ်ပါတယ်...(နေပုံပေါ်ပါတယ်..ဆိုတာက
ကိုယ့်ကိုကိုယ်လဲလေ...သိပ်မသေချာလှလို့ပါ)။
ဒီရောက်တော့မှ...ဘ၀မှာ..သိပ် “ဟစ်ပ်” မဖြစ်ခဲ့တဲ့ “မသေချာခြင်း” တွေက ဘ၀ထဲမှာအလောသုံးဆယ်
ထွန်းကားလာတယ်။

“ချစ်တယ်” ဆိုတဲ့ ကျီစားမှုတွေကလဲ နိုင်ငံရေးလှည့်ကွက်တွေလိုပဲ..ဖြတ်သွားဖြတ်လာ
လမ်းသလားလို့။ဘ၀နှယ်....ယာဉ်ကျောရှုပ်လိုက်ပုံ။
တစ်ချို့ကတမင်တကာလွှတ်ချလိုက်တယ်။ တစ်ချို့ကမတော်တဆလွတ်ကျသွားတယ်။
ဘာပဲဖြစ်ဖြစ် ကွဲလွယ်ရှလွယ် ဖန်ထည်နှလုံးသားတွေကတော့...ကျိုးလွယ်ကျေလွယ်နေဦးမှာပါပဲ။
ဒါဟာ..ငါ့ရဲ့ဘူမိနက်သန်နေရာမှန်မှဟုတ်ရဲ့လား။
“ဆောင်္ရီး...ဆောရီး..” လို့ပြောတဲ့လူတွေသိပ်များတာပဲကွယ်။
များသောအားဖြင့်တော့..မောဟတွေက မှောင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ရှင်သန်ရဦးမယ်။ ရှင်တော်ဘုရားက ညီတော်အာနန္ဒာကိုဟောခဲ့တဲ့တရားနဲ့
ငါဟာလဲ ရှင်သန်ရဦးမယ်။
“ဒီနေရာကိုနိုင်အောင်တိုက်..ဒီနေရာကိုမနိုင်ရင်နောက်တစ်နေရာမှာလဲကျဆုံးနေဦးမှာပဲ။
ဒီနေရာကိုနိုင်ရင် နောက်တစ်နေရာထပ်သွားမယ်” တဲ့။
ကျနော်ကရော..နိုင်ခဲ့ရင်...ဘယ်တွေများထပ်သွားရဦးမှာပါလိမ့်။

ငယ်ငယ်တုန်းကတော့ မျောက်အမေကြီးကားတိုက်တဲ့နေရာ ကိုအရမ်းသွားချင်ခဲ့ပါတယ်။
ဟားဗတ်ယူနီဗာစီတီဆိုတာမျိုးတွေထိ(မတန်မရာဆိုချင်ဆို..)မှန်းဆခဲ့မိပါတယ်။အီးကောင်းရမယ်။ အီးကောင်းမှရမယ်ဆိုပီး..ငယ်ငယ်လေးကတည်းက အီးကောင်းစေမဲ့အစားတွေ...
(အဲလေ...ယောင်လို့)...အင်္ဂလိပ်စာ ဘာညာကိုစိတ်မပါလက်မပါ စိတ်ဝင်စားချင်ယောင်ဆောင်ခဲ့ရပါတယ်။
မချစ်သောလည်းအောင့်ကာနမ်းဆိုသလိုပါပဲ။ ကျနော်က..ဖြစ်သာဖြစ်ချင်ခဲ့တာလေ။တကယ့်တကယ်မှာက
ခက်ခဲနက်နဲတာတွေကိုမခုံမင်တတ်တဲ့...ဘ၀ကိုပေါ့ပေါ့ပါးပါး နဲ့ ၀ါးတားဖော်လို..ဖစ်ခ်ျဖော်လို လိုက်ရင်း
ဒီလိုပဲဖြတ်သန်းသွားလာလိုက်ချင်တဲ့ ဂျင်းဘောင်းဘီဝတ်ပီး လက်ဖက်ရည်ဆိုင်ထိုင်တဲ့..သာမန်မြန်မာ
ပြည်ဖွား အညံ့စားလူငယ်တွေထဲကတစ်ကောင်ပါပဲ လို့ပြောလို့ရတဲ့ကောင်မျိုးပါပဲ။
ဒီအရွယ်အထိစားဝတ်နေရေးအတွက်ဆိုပီးလုပ်ခဲ့သမျှအလုပ်တွေအားလုံးကို...“လုပ်ရမဲ့တူတူတော့ ကောင်းအောင်လုပ်လိုက်ပါမယ်လေ” ဆိုတဲ့စေတနာလိုလို ဘာလိုလိုလေးတွေနဲ့ လုပ်ခဲ့ပါတယ်။
သာမန်ပါပဲ။ သိပ်ကိုရိုးစင်းလွန်းပါတယ်။
လူကောင်းတွေနဲ့တွေ့ခဲ့တယ်။လူဆိုးတွေနဲ့တွေ့ခဲ့တယ်။ မကောင်းသလိုလိုနဲ့မဆိုးတဲ့လူတွေ...
ကောင်းသလိုလိုနဲ့ဆိုးတဲ့လူတွေ..မဆိုးမကောင်း..လူတွေ..အများကြီးနဲ့တွေ့ခဲ့တယ်။
နောက်တော့ ရွှေတိဂုံဘုရားကိုအပတ်စဉ်ဖူးမျှော်ခွင့်ရဖို့....နယ်ကနေရန်ကုန်ကိုရောက်လာတယ်။
တနင်္ဂနွေတွေမှာ..မြောက်ဖက်မုခ်မှာရှိနေတတ်တယ်။
စိပ်ပုတီးတွေ တွေ့ခဲ့တယ်။သေနတ်တွေလဲ..တွေ့ခဲ့တယ်။
နောက်တော့..ခေတ်မီချင်စိတ်ပေါက်လာတာနဲ့...မေတ္တာသုတ်ရွတ်ပီး..ခြင်္သေ့တွေနေတဲ့ကျွန်းဖက်
ထွက်လာတော့တာပဲ။

ဒီရောက်တော့လဲ...“ဘ၀ကနေခြည်မဖြာ..ငါလေတကယ်ကိုသေဘီဆရာ” လို့..သိပ်မညည်းလိုက်ရပါဘူး။
နှစ်ပတ်လောက်ပဌာန်းရွတ်ပီးလှုပ်ရှားလိုက်တာ...အလုပ်ရသွားပါတယ်။
Right man in right place ဖြစ်ပါစေဘုရားပေါ့...။ဘုရားနားမှာ...တိုင်တည်..ပူဆာ..ဂျီကျ..။
ခု...တလောကမှရောက်လာတဲ့မိတ်ဆွေကျောင်းဆရာကမေးတယ်။“နင်ဘယ်လိုအလုပ်ရှာတာလဲ
၂ပတ်ထဲနဲ့ရတယ်...လုပ်ပါဦးဟ..နည်းလေးဘာလေးရှိရင် မျှပါဦး” တဲ့။ကျနော်မပြောတတ်ဘူး။
ပဌာန်းတွေ မေတ္တာသုတ်တွေရဲ့တန်ခိုးအာနုဘော်ကြောင့်လား...
ဘုရားနားမှာ...ဂျီကျတာပဲများသွားလို့လား..ကျနော့်ရဲ့မီးမကျိုးတကျိုး..မောင်မပျက်တပျက်စကားပြော
တွေကြောင့်လား...ဘာမှန်းမသိတော့ရင်...စကားထဲဆွဲသွင်းခံနေရတဲ့ ကံတရား...ဆိုတာကြောင့်လား...
အားလုံးစု ဆုံသွားလို့များလား...ကျနော်မပြောတတ်ဘူး။

ဘာပဲဖြစ်ဖြစ်...အားလုံးကိုအဆင်ပြေစေချင်ပါတယ်။တချို့ကဒီကိုလာရတာ..ဘုရင့်နောင်ကြောင်သလို
ကြောင်ခဲ့ရတာပါ။ တချို့တချို့ဆို..ဘုရင့်နောင်ထက်တောင်ပိုကြောင်ခဲ့ရပါသေးတယ်...ဖောင်လောက်တင်
မကဘဲ တိုက်တန်းနစ်လောက်ရှိတဲ့ သင်္ဘောကြီးတွေပါ..ဖျက်လာရတာရှိပါတယ်။
(တချို့..တချို့...တွေပြောပါတယ်..) ဘုရင့်နောင်ကကွာ..နိုင်ရင်လဲ...အိမ်ပြန်ဖို့လိုဦးမှာကိုများ..
ဘယ်နှယ့်သက်သက်မဲ့ဖြုန်းတီးတယ် ကိုယ့်စိတ်ကိုကိုယ်နိုင်ရင်ပီးတာပဲဟာ...လို့..ငယ်ငယ်က
ကလေးတွေးတွေးခဲ့ဖူးပေမဲ့....ကိုယ်တိုင်လဲ...သူ့လိုကြောင်ခဲ့ရတာတွေ...
ရှိခဲ့ပါတယ်။ရှိ ..ခဲ့..ဖူး...ပါ....တယ်။ဟဲဟဲ...။

လိမ်တာဟာရှက်စရာဆိုတဲ့အုပ်စုနဲ့..လိမ်ရတာဟာပျော်စရာ ဆိုတဲ့အုပ်စု..ခွဲချလိုက်ရင်..ဘယ်အုပ်စုက
ပိုအင်အားတောင့်မလဲဆိုတာ..ကျနော်တွေးကြည့်နေမိတယ်။ “အမှန်တရားက(ညကဘီယာမူးပီး) အိပ်ယာက
မထသေးမီ..မုသာဝါဒက ကမ္ဘာတစ်ပတ်ပတ်ပီးပီ ” တဲ့။ဒီလို ခေတ်ပျက်ကြီးထဲမှာ..သူတစ်ချက်ကလစ်
ကိုယ်တစ်ချက်ကလစ်..မုသားဝါဒ တွေ..ထွန်းကာဖောင်းပွနေလိုက်ပုံ။“လူအချင်းချင်းလှည့်ပတ်ခြင်း
ကင်းရှင်းကြပါစေ” ဆိုတဲ့တရား...ဘယ်ခေတ်မှ ထွန်းကားလာမှာလဲ။ “စင်္ကာပူမှာ..ဘာမှမကြောက်ရဘူး
ဗမာအချင်းချင်းလိမ်မှာပဲကြောက်ရတယ်” လို့...ဆရာကြီး စီနီယာကြီးများ သွန်သင်တာခံခဲ့ရဖူးပါတယ်။
ကိုယ့်ဗမာအချင်းချင်းမညှာမတာ လိမ်ကြတယ်ဆိုတာ...“ဗမာပီပီ ..ဗမာ့သွေးကိုပြကြပါ” ဆိုတဲ့စကားကို
နာခံတဲ့..“မျိုးချစ်စိတ်” တစ်မျိုးပဲဖြစ်မယ်ထင်ပါတယ်။

အလုံမှာနေတုန်းက အမှတ်တမဲ့သွားနာခဲ့ဖူးတဲ့ ဓမ္မဒူတဆရာတော် ရဲ့တရားလေးသွားသတိရပါတယ်။
“ခြင်းကျပ်ကျပ်ထဲမှာနေနေရတဲ့..ကြက်တွေချင်းအတူတူ..ဘာလို့အချင်းချင်း..ခွပ်နေကြမလဲ” တဲ့။
အိမ်ကြက်ချင်းချင်းအိုးမဲမက လို့..စက်ဆီပဲသုပ်သုပ်......ခွပ်ခိုင်းတိုင်းခွပ်တာ...မခွပ်တာက..
ကိုယ့်မေတ္တာတရားနဲ့ပဲဆိုင်တာမို့...ကျနော်ဘာမှပြောစရာမရှိပါဘူး။
ဘယ်သူ့ကိုမှတော့..မလိမ်စေချင်ဘူး။ဘယ်သူမှလဲ...အလိမ်မခံရစေချင်ပါဘူး။
ကိုယ်ကဘယ်သူ့ကိုမှ မလိမ်ဘဲနေလိုက်မယ်...ဆိုတာလေးကနေစပီး...အားလုံးကို
မေတ္တာ စပွားလိုက်ပါတယ်။ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ်လူအချင်းချင်းလှည့်ပတ်ခြင်းကင်ရှင်းကြပါစေ။

ရန်ကုန်ကထွက်လာကတည်းက ကြောင်ဆရာဘ၀...(အဲလေ...) ကျောင်းဆရာဘ၀ကိုထားခဲ့ပီမို့
ဘယ်သူ့ကိုမှ ဆရာကြီးမလုပ်တော့ဘူးကွာလို့..ကိုယ့်ကိုကိုယ်ဆုံးမနေထိုင်ခဲ့တာကြာပါပြီ။
အဲလိုနေတဲ့ကြားကပဲ...လူကနေပေမဲ့ ပညာကမနေ ဆိုသလို...အလုပ်လာရှာတဲ့ မိတ်ဆွေသူငယ်ချင်းတွေကို
“ကြိုးစားဗျာ...ဘုရားတရားလေးလဲခပ်ပြင်းပြင်းလေးတွဲလုပ်ပေါ့” တဲ့...သွားပွားဖြစ်အောင်..ပွားလိုက်ပါသေးတယ်။ကိုယ့်ကိုကိုယ်လဲ..ဘယ်လောက်တပည့်ကြီးဖြစ်နေနေ
ဆရာကြီးဥာဉ်ဆိုတာ...တော်တော်နဲ့ပျောက်ခဲပါလား....လို့တွေးလိုက်မိပါသေးတယ်။
ကျနော်ဆိုတဲ့ကောင်က...အဲသလို....ယောင်တောင်ပေါင်တောင်...ကြောင်တောင်တောင်.....ကောင်။ ။ ။


ဟုတ်ပြီ

အဆင်သင့်ဖြစ်ရင်
ဆောရီးတွေတပွေ့တပိုက်နဲ့
လက်ခုပ်သံတွေပေါ်
ငါ
ရဲရဲပဲ ချော်ကျပစ်လိုက်တယ်။

(ဂင်္ဂါ)




Thank you 'Ganga'
for your words,

vowel(23.04.2010)

အန္တိမ

“အန္တိမ”

မီးစာတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့..ငါ
ဘယ်ချိန်ထိရဲရင့်နေရဦးမှာလဲ
စမ်းချောင်းလေးလို..စီးဆင်းဖို့
ငါ...သေကောင်ပေါင်းလဲအားထုတ်ခဲ့တာပဲ။
ဘာမှမတတ်နိုင်တဲ့အခါ
ကံကြမ္မာကိုပဲယိုးမယ်ဖွဲ့မိတယ်လေ။

အိပ်မက်တွေကိုခိုး.ယူသွားသူရေ....
မင်းကျုးလွန်ခဲ့တဲ့ အဒိန္နဒါဏာ ကံဟာ..
ငါတစ်ယောက်ထဲ
ကျိတ်ကုသခဲ့ရတဲ့..ဒဏ်ရာပါ။

ဘ၀ရဲ့အဆုံးကိုမျှော်ငေးတော့
အတ္တ ရိုးပြတ်တောကြီးက
တစ်မျှော်တစ်ခေါ်။ ။ ။



၂၀၀၅ခုနှစ်တုန်းက ရေးဖြစ်ခဲ့တဲ့ကဗျာအဟောင်းလေးပါ။
၂၀၀၆နိုဝင်ဘာမှာ..“ရတီ”မှာ..ပါလာခဲ့တယ်။
အဲဒီတုန်းကတော့...တော်တော်ခံစားပီးရေးခဲ့မိတယ်ထင်ပါတယ်။
ခုနေပြန်တွေးကြည့်တော့...
အင်း....။အဟောင်းတစ်လည်လည်လေးတွေတော့..ဖြစ်တာပေါ့။

သရ

Thursday, April 22, 2010

ပျင်းလို့ရေးတဲ့ ပေါက်ကရ ရှစ်ဆယ်

ခုတလော..မိုးက..ရုံးဆင်းချိန်လေးတွေကို..စောင့်စောင့်ပီးရွာပါတယ်။လူတွေကို...ရုံးတွေထဲက..အထွက်မှာ...
မိုးပြေးအေးအေးလေးနဲ့ခေါင်းဆေးပေးတဲ့သဘောလားတော့မသိပါဘူး။မိုးကြိုးနဲ့လျှပ်စီးတွေကိုကြည့်ရတာ...
ဖြစ်နိုင်ချေပိုများတာကတော့...ခေါင်းဆေးပေးတာမဟုတ်ဘဲ...ခေါင်းကိုဆော်ချင်နေတဲ့ပုံပိုပေါက်ပါတယ်။
အလုပ်က..နီးနီးနားနားဖြစ်နေတဲ့အပြင် ဖယ်ရီတစ်ဖြစ်လဲ လော်ရီ ခေါင်းခန်းက...ကျနော်အပိုင်စားရထားတဲ့
နေရာဖြစ်နေတော့...“တို့ကတော့...တို့ကတော့”..ဆိုတဲ့သီချင်းကို...အေးအေးဆေးဆေးဒူးနန့်ဆိုပီး..
အိမ်ပြန်လို့ရပါတယ်။ဒါပေမဲ့..တစ်ခါမှ...မဆိုဖြစ်ပါဘူး...။ ခေါင်းခန်းမှာ..ကားမောင်းတဲ့ဦးလေးရယ်.
.နောက်..ဦးလေးတစ်ယောက်ရယ်နဲ့ဒီလိုပဲ..ထွေလီကာလီပြောရင်း..ပြန်လာတာများလို့ပါ။

ဒီနေ့တော့..ဦးလေးတစ်ယောက်က...ကျနော့်ကိုမေးပါတယ်။
“မြန်မာပြည်ကလာရင်..စာတတ်တဲ့လူတွေများသားပဲ...မင်းတို့နိုင်ငံက...တော်တော်ကြီးဆင်းရဲလို့လား...”
တဲ့။ရုတ်တရက်ဆိုတော့..ကျနော် shock ရသွားတယ်။့ မမျှော်လင့်ထားတဲ့မေးခွန်းတော့မဟုတ်ပါဘူး..။
ကျနော်တို့ရွှေတွေ ဖြေနေကျမေးခွန်းမျိုးတွေကို..သဘောလောက်တော့..ကျနော်လဲ..သိထားပါတယ်။
အဲဒီအချိန်မှာ..ဒရိုင်ဘာဦးလေးကဖြေတယ်.....“မဟုတ်ဘူးကွ...မြန်မာပြည်က(အရင်က)
တော်တော်ချမ်းသာတာ...ငါတို့ငယ်ငယ်တုန်းက..ငါ့အဖေက..အဲဒီမှာ..အလုပ်သွားလုပ်တာကွ...
ဗမာတွေက..ဗုဒ္ဒဘာသာတွေများတယ်။အရမ်းလဲချမ်းသာကြတယ်ကွ....။”
“ ဟာ..ဒါဆို..ဘာလို့..အဲဒီတုန်းကတောင်အဲလောက်ချမ်းသာရင်...ခုဆို
ပိုချမ်းသာမနေသင့်ဘူးလား...ဘာလို့လဲ..မင်းသိလား..” တဲ့။
သူ့ကြည့်ရတာ..အဖြေသိသားနဲ့..တမင်ကျနော့်ကို..မေးချင်လို့ကို....ကျနော့်ဖက်လှည့်ပီးမေးလိုက်တာပါ။
ဟာ....သေလိုက်ပါလား...ငါဘယ်သိမလဲကွ...လို့...ပြောလိုက်ရင်ကောင်းမလားတွေးမိလိုက်သေးတယ်။
ကျနော်တွေးတုန်း...ဒရိုင်ဘာအန်ကယ်ကြီးကဖြေပါတယ်...။ကျနော်ဖြေစရာ..မလိုတော့ဘူးပေါ့။
“Because of their army government ” တဲ့။

ဟာ...ဘာတွေလာပြောနေတာလဲ...။သူများက ကလေးပဲရှိသေးတာ...။ဘယ်သိမလဲ။
သူငယ်ငယ်တုန်းမြန်မာပြည်ကတော်တော်ချမ်းသာတာလို့ပြောတဲ့..ဦးလေးက..၄၅နှစ်လောက်ဆိုတော့..
လွန်ခဲ့တဲ့နှစ်သုံးဆယ်လောက်ကပေါ့။ဘယ်သိမလဲ...ကျနော်ဘယ်သိမလဲ..။
ကျနော်ဘယ်လိုလုပ်သိမှာတဲ့လဲ။ လွန်ခဲ့တဲ့နှစ် သုံးဆယ်က..မြန်မာပြည်ချမ်းသာတာဆင်းရဲတာမပြောနဲ့..
ခုတောင်..ကျနော်တို့နိုင်ငံ ဆင်းရဲလား ချမ်းသာလား..ကျနော်မပြောတတ်ဘူး...။
အထူးသဖြင့်..ဒီဦးလေးကြီးနဲ့ဆို..ပိုလို့တောင်...မပြောတတ်သေး...။ပီးတော့သူက
ကတ်သီးကတ်ဖဲ့တော်တော်ပြောတာ...။ အစိုးရကအရမ်းချမ်းသာပီး..လူတွေကဆင်းရဲနေတယ်ဆိုတာ...
စစ်တပ်အုပ်ချုပ်တဲ့နိုင်ငံတိုင်း..အဲလိုပဲ...တဲ့..အင်ဒိုနီးရှားမှာ..တလောကစစ်တပ်ကပစ်သတ်တာ
လူနှစ်ထောင်တဲ့...ဘာဖြစ်ကုန်တယ်ဆိုလား....။
ကလေး...မသိပါဘူးဆိုဗျာ...တော်တော်ဆိုးတဲ့ဦးလေးကြီးတွေ။
အိမ်မြန်မြန်ရောက်မှအေးမယ်။မဟုတ်ရင်တကယ့်မလွယ်ကျော...ဒီနေ့တည်လိုက်တဲ့...ခေါင်းစဉ်ကိုက.
.“.ငယ်ငယ်တုန်းကမျှစ်ဖြစ်ပီး...ကြီးမှဝါးဖြစ်သွားတာ..ဘာကြောင့်”...ဆိုတဲ့...ခေါင်းစဉ်မျိုး...။

ကလေးမသိဘူး...။ကလေးနားမလည်ဘူး...။ကလေး မဖြေနိုင်ဘူး...။ ကလေး...မဖြေချင်ဘူး...။
သိလဲ..မပြောပါဘူး။ကိုယ်ချင်းကိုယ်ချင်းသာ...တခါတလေ..တောင်ပြောမြောက်ပြော..လေပေါကြ..
ဘာမှလဲ..လုပ်တတ်တာ..လုပ်နိုင်တာမရှိပဲနဲ့...လေကြီးလေကျယ်..စကားလုံးထွားထွားတွေသုံး..
အတင်းတုပ်ကြ..ဘာညာရှိရင်ရှိမယ်။
သူများနဲ့တော့...ပြောချင်ပေါင်ဆိုတဲ့ စိတ်ကလေးကိုသွားတွေ့တယ်။.အဲဒီမှာစတွေ့တာပဲ....။
မျိုးချစ်စိတ်..။မျိုးမျိုးကိုချစ်တဲ့စိတ်။ နောက်..မမျိုးကိုချစ်တဲ့စိတ်...။ မသိဘူးဗျာ...။ ရောကုန်တယ်။
ရောလဲရောချင်စရာကိုး...။ ကျနော်တို့လိုလူငယ်ခြေတက်တွေအတွက်ကတော့....ကိုဇက် ပြောတဲ့
ဘလော်ဂိုစဖီးယားကြီးက...တော်တော်မျက်စေ့လည်စရာကောင်းပါတယ်။
ဘလော်ဂါတွေ..ဘလောဂင်းကြရင်း စီးချင်းထိုးကြ...တိုက်ကြဖိုက်ကြတာ...
သူတို့ချင်းတော့တော်တော်ပျော်ကြပုံရပါတယ်...။
တစ်နေ့ကဗုံးသတင်းနားစွင့်ရင်းနဲ့မှ...ဘလော့တစ်ခုမှာ...လက်ဝှေ့ထိုးကြတာကို..
သေချာကြည့်ဖြစ်တယ်။တော်တော်..ကြမ်းကြ..ရမ်းကြ..ရတာပေါ့နော်...။ ကလေးတွေအတွက်တော့...ကြောက်စရာ။
ကျနော်ကတော့...အင်း...ကျနော်ကတော့....ဟိုမော်ဒန်ဆရာကြီးပြောသလို
“ငါသာခွေးတစ်ကောင်ဆို မဟောင်ပါဘူး..ချစ်သူ” ပေါ့လေ...။

တစ်နေ့ကတော့..ဆရာသမားကို..သမားဆရာလို...နောက်သလိုပြောင်သလိုတိုင်ပင်ကြည့်တယ်..။ ကြော်ငြာမယ်...။ပိုစတာနဲ့ကိုကြော်ငြာမယ်...။“ကဗျာတွေရမယ်..ပေါက်ကရ
ရှစ်ဆယ်တွေရမယ်(လေးဆယ်ဆိုနည်းနေမှာစိုးလို့)။...၀ယ်ကြဦးမလား...ဟောဒီက...
ကဗျာတွေ..ကဗျာတွေ....သုံးပုဒ်တစ်ရာ...တစ်ရာဖိုးသုံးပုဒ်...ဗမာငွေနော်...တလွဲမတွေးနဲ့...
ဗမာငွေနဲ့တစ်ရာဖိုးသုံးပုဒ်....ဒစ်စကောင့်တွေကျတုန်း..ဖတ်ထားနော်...။ ”
ဘာညာပေါ့...ရေးပီး...လူစည်ကားရာအရပ်တကာမှာ..အိမ်ခန်းကြော်ငြာလိုပဲ...
ဒီဘလော့လိပ်စာကို...ကြော်ငြာမယ်။ လူစိတ်ဝင်စားခံရအောင်လုပ်မယ်...ပေါ့။
အဲလိုပြောတော့...အာစရိက ..တခွန်းထဲအားပေးတယ်။
“အရူးမထစမ်းနဲ့....အေးအေးဆေးဆေးနေ” တဲ့။ အဲသလို...အဲသလို...။အားပေးပုံက။

တကယ်ပါဗျာ..ကျနော့်မှာလဲ...တကယ့်ကို..ခုထက်ထိ The purpose of this blog...
ဆိုတာမျိုးတွေမရှိသေးပါဘူး။ ဒီဘလော့ကို..ဘာရည်ရွယ်ချက်နဲ့..ဘာအတွက်..
လုပ်ထားတာပါလဲ...ဘာစာတွေကို...ဘာရည်ရွယ်ချက်နဲ့..ရေးတင်ဖို့စီစဉ်ထားပါသလဲ.
..ဘယ်သူအကျိုးအတွက်ပါလဲ...ဆိုတာမျိုး...“
နိုင်ငံတကာမြန်မာဘလော့များကြီးကြပ်စိစစ်ရေးနှင့်မဟာဘလော်ဂါကြီးများ
အစိုစီအေးရှင်းဂရု”တွေဘာတွေကသာ.ကျနော့်ကိုခုနေလာရောက်မေးမြန်းအင်တာဗျူးကြမယ်ဆိုရင်
ကျနော်တော့...သေဘီ.....ဒေါက်တာပါပဲ(ဆရာအားလုံးနီးပါး..ဒေါက်တာများဖြစ်သောကြောင့်အမွှန်းတင်)
ကျနော့်မှာ..ဘာရည်ရွယ်ချက်မှ...မရှိပါဘူး...။ဘာအတွက်လုပ်ထားတာမှလဲမဟုတ်ပါဘူး...။
လက်ယားလို့ရေးထားသမျှတွေ..တစ်နေရာရာမှာစုစည်းထားလိုက်တယ်.
.အိမ်မှာထားရတာ..စိတ်မချရလို့..ပျောက်ကုန်မှာစိုးလို့..အင်တာနက်မှာသွားထားလိုက်တယ်။ဒါပါပဲ။
ဘယ်သူ့အကျိုးကိုမျှော်ကိုးပါသလဲဆိုတော့...ဘယ်သူ့ဘယ်သူအတွက်မှ...မရည်ရွယ်..မမျှော်ကိုးပါဘူး။
အားလုံးသောစာဖတ်ပရိတ်သတ်ကြီးကလဲ...ဒါကို..အပြစ်တင်မှာပါ။...“ဟ...ဘာလဲဟ...ရေးလဲရေးသေးတယ်
ပေါက်ကရလေးဆယ်တွေ...ဖတ်သာဖတ်လိုက်တယ်..ဘာတွေမှန်းလဲမသိဘူး..ဘာမှလဲအကျိုးမရှိဘူး..
အချိန်ကုန်တာပဲအဖတ်တင်တယ်။ အပလာကြီးကွာ....” ဆိုတာမျိုး...ဖြစ်ရင်လဲဖြစ်သွားနိုင်ပါတယ်။
ကျနော်ကိုယ်တိုင်ကိုက“ကဗျာချစ်သူများအတွက်တို့...စာကောင်းပေမွန်ဖတ်ချင်သူများအတွက်တို့...
မီးငယ်တို့အသိကြွယ်ဖို့ ဆိုတာမျိုးတို့” ဘာရည်ရွယ်ချက်မှ..မရှိပါဘူး။အလိမ္မာက...စာမှာမှရှိတာမှမဟုတ်တာ။
နေရာတိုင်းမှာရှိနေနိုင်ပါတယ်။ စာတိုင်းမှာလဲ..အလိမ္မာ ရှိမနေတော့ပါဘူး။မလိမ္မာစေတဲ့စာတွေကိုတောင်
တချို့လူတွေက..ရေးနေကြ..ရေးမိရက်သားဖြစ်နေကြ...ဆက်ရေးနေကြပါသေးတယ်။
ဒါကြောင့်လဲ..ဒီဘလော့ဝင်ဖတ်လိုက်လို့..“အဲဒီမှာ စတွေ့တာ” ဆိုတာမျိုး..ဘာတစ်ခုမှ..မရခဲ့ရင်...
“ဘလော့တိုင်းမှာ ဖတ်စရာရှိပေမဲ့..ဖတ်စရာတိုင်းဟာ..ဖတ်စရာမဟုတ်ပါလားနော်...”
ဆိုတာလေးရလိုက်တာကိုက...ဒီဘလော့ဝင်လည်ခြင်းရဲ့....လက်ဆောင်လို့သဘောထားစေချင်ကြောင်း
ချစ်စွာသောမိတ်ဆွေသူငယ်ချင်းများအား....တောင်းပန်..ခြင်းပန်..စကောပန်ရင်း.....
ဘာရယ်မဟုတ်..ပျင်းပျင်းရှိသောကြောင့်လျှောက်ရေးမိပါကြောင်း...
ဒီစာအောက်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

vowel (22.04.2010)

Wednesday, April 21, 2010

“Vowel hates nine temarine trees”


“Vowel hates nine temarine trees”

“ပွင့်ပွင့်လင်းလင်းပါပဲ” ဆိုတာကဖြစ်ဖြစ်..
တစ်ဝက်ပိတ်ထားတာလေးက ဖြစ်ဖြစ်..
အကုန်စေ့ထားတာလေးက ဖြစ်ဖြစ်..
အပြာရောင် ဖြစ်ဖြစ်...
အ၀ါရောင် ဖြစ်ဖြစ်...
ပန်းနုရောင်ပဲ ဖြစ်ဖြစ်...
တိမ်လိုလေလို လွင့်နေတဲ့..ငါ့အတွက်တော့
(ကုန်ကုန်ပြောရရင်)
ရေလိုအရောင်က ဖြစ်ဖြစ်...
အရောင်ဟာ....အရောင်ပါပဲ။

မာမာအေးတို့တွေထက်...
ခေတ်ကို..
(နောက်ပီး)

ဘ၀ကို...
ပိုခါးစောင်းတင်ထားရတဲ့...မိန်းမသား
တခါတလေကျတော့လဲ....
မန်ကျည်းတောဖက် ရောက်မိလိမ့်မယ်။

“အချစ်” လို့ ခေါင်းစဉ်တပ်လိုက်တာနဲ့
အရာရာဟာပေါ့ပျက်..
ငါမှာ...ရယ်သွမ်းချင်မိတော့တယ်။

တစ်ထောင့်လေးရာလေးဆယ့်ကိုး....
ငါ့နှလုံးသားတော့...ဖျားနေပြီ။

မန်ကျည်းရွက်သုပ်ကြိုက်တာလား...
ဟွန်းတီးမနေပါနဲ့ကွယ်...
လုံးစုံများစွာ...ညီမတော်များ
အသာပဲ....ကျော်တက်သွားကြစေ။ ။ ။




colorless ဟုဆိုလာသူ color blind တစ်ဦးအတွက်...

ဘ၀တူသူငယ်ချင်း...အပျိုကြီးမမ များအတွက်...
ခေါင်းစဉ်ကို Xanthos ရဲ့ 'Xanthos hate junk fwd mail' မှဆင့်ပွားခံစား
တစ်ခုသောမနက် အိပ်ယာနိုးနိုးချင်း...ဖမ်းမိလိုက်သော
အတွေးနုတစ်ခုမျှသာ ဖြစ်ပါတယ်။

vowel (21.04.10)

Saturday, April 17, 2010

ဘ၀ ..ဆိုတာ..မရေရာ။

ဒီဖက်ခေတ်မှာက..လူတွေမှာ..လက်ခံယုံကြည်နေကြရတဲအမှန်တရားပုံစံတွေကပဲ...မူကွဲတွေများလာ
တာလား...ကျနော်လက်ခံယုံကြည်နေရတာကိုက...မူကွဲတွေများနေတာလား...။
ယုံကြည်တာကိုပဲမှန်ကန်ကြကြေး ဆိုတာတွေကလဲ..တော်တော်လေးပုံပျက်လာပီပြောရမှာပေါ့။
ငယ်တုန်းရွယ်တုန်းကတော့ကောင်းတယ်...“ဘူးဆို..ဖရုံမသီးဘူးဟေ့” ဆိုတာမျိုးတွေကို....တော်တော်လေး ခရေဇီဖြစ်ခဲ့ရတာ။
အသက်လေးနည်းနည်းရလာတော့..ခေတ်ကိုကလဲပြောင်းလာတယ်ထင်ပါတယ်...အရာရာကလဲပြောင်း
လဲလာတယ်...။ ပို့စ်မော်ဒန်ခေတ်..ပို့မော်ဒန်အတွေး..ပို့မော်ဒန် ဘာဘာညာညာတွေကလဲ...ကိုယ့်ဘ၀ထဲ...
ခေတ်စားလာတယ်ပြောရမလားပဲ။ 'chaos' ဆိုတာတွေများလာတယ်...။ အဖတ်တင်တာဆိုလို့..
အဲလိုဖြစ်တတ်တယ်တဲ့..ဆိုတာလေးကိုသိခွင့်ရခဲ့တာ...။ ဒါပါပဲ...။ ဘ၀ကို..အဲသလို..လုံလောက်ပစ်လိုက်တယ်။
နောက်တော့လဲ...သဘာဝတရားကသင်တာလား...လောကဓံကိုကသင်တာလားမသိဘူး...။
ပက်ပက်စက်စက်ရင့်ကျက်လွယ်ခဲ့တဲ့...သစ်တော့သီးတစ်လုံးဟာ...ကျနော် ဖြစ်ခဲ့တယ်။
ကစားဝိုင်းတွေကပဲ..ကြမ်းတမ်းလွန်းတာလား...လူတွေကိုကပဲကြမ်းတမ်းလွန်းတာလား...ဘ၀ကိုကပဲ
ကြမ်းတမ်းလွန်းလာတာလား....။မတွေးတတ်တော့ဘူး...။

စနစ်တကျလွဲချော်မှုဆိုတာကို..ပိုပိုနားလည်တတ်လာတယ်။တိတိကျကျစီစဉ်အကွက်ချထားလဲ...
တိတိကျကျလွဲတတ်တတ်တာလေးတွေက..များများလာတော့..လူက..ဒါကိုသိလာတယ်။ ဒါမျိုးတွေဖြစ်တတ်တယ်နော်..ဆိုတာထက်..ပိုပီး...ဒါမျိုးတွေချည်းဖြစ်ဖြစ်နေမှာလား...ဆိုတာမျိုးထိတွေးမိတော့
ဒါကိုက...အဆိုးမြင်စိတ်ကိုတွန်းအားပေးမိတာလိုလို..ဘာလိုလိုဖြစ်ရတော့တာပေါ့။
အမှန်တော့..ဒါ..မကောင်းဘူးဆိုတာသိတာပေါ့။ ဒါပေမဲ့ဗျာ...လူတိုင်းက..မကောင်းဘူးဆိုတာတွေကို...မကောင်းမှန်းသိတာနဲ့..တိတိကျကျ..ရှောင်လွဲနိုင်ခဲ့
ကြလို့လား...။ကျနော့်ဘ၀ထဲကို...ကျနော်မကြိုက်တဲ့..မတော်တဆ..ဆိုတဲ့စကားလုံးထပ်ဝင်လာတယ်...။
ခေတ်စားလာတယ်ပေါ့။...တချို့မတော်တဆတွေက..မတော်တဆ နဲ့ကို..မတူဘူး...။ပုံစံကိုက..ပျက်နေတာ။
မတော်တဆပုံကိုမပေါက်တာ..ဒါပေမဲ့...ကျနော်..မတော်တဆလို့ပဲထင်ခဲ့တယ်။
ဒါကိုက..စနစ်တကျလွဲချော်မှုထဲကတစ်ခုဖြစ်လာတော့တယ်။

နောက်တော့...အဲလို..လောကအပေါ်ထားတဲ့..သဘောထားတွေကပဲ..လူကို..သံသယအဆောက်အအုံထဲမှာ
အကျဉ်းချတော့မှာပဲဆိုတာ..နားလည်လာခဲ့တယ်...။ မဟုတ်ဘူး...။
နားလည်တာနဲ့တပြိုင်နက်ထဲ...အကျဉ်းကျခဲ့တာ။အဆိုးမြင်ဝါဒီသမားလို့...ခုနေတယောက်ယောက်က
လက်ညှိုးငေါက်ငေါက်ထိုးပြောတောင်..ပြုံးပြုံးပဲ..ငြိမ်ခံနေမိတော့မှာ...။
ဘယ်အရာက...ကောင်းတယ်မကောင်းဘူး..သေချာဝေဖန်ပိုင်းခြားပီး..ချပြတာမျိုးမပါတဲ့....
အသလွတ်ပညာရေးစနစ်တွေ...ငါပြောသလိုလုပ်..ငါလုပ်သလိုမလုပ်နဲ့ဆိုတာမျိုးတွေလောက်ကတော့...
ခေတ်မှမရှိတော့တာလေ...။ ခုနေ...ဆရာကြီးအဆူဆူနဲ့..ကြုံချင်ပါတယ်။ “ချာတိတ်..မင်းမှားနေဘီ...ချာတိတ်” လို့..ဝေဖန်ထောက်ပြပေးမဲ့..ခွဲခြမ်းစိတ်ဖြာစိစစ်တတ်တဲ့...တရား
တခုထဲ..လက်ကိုင်စွဲလာခဲ့ပါ။..“မှားတော့မှားနေတယ်..ဘယ်နားမှားနေမှန်းမသိဘူး”
ဆိုတာလောက်က....အသုံးမ၀င်လှတော့ပါဘူး။

အလိုကြီးလို့..အရနည်းခဲ့တာမျိုး...ဘ၀မှာ..ဘာမှမရှိခဲ့ပါဘူး။ အလိုကိုကမကြီးခဲ့လို့...အရကလဲ..နည်းနည်းပိစိကွေးလေးပဲ...ရှိခဲ့ပါတယ်။
ဒါပေမဲ့..ရလာတဲ့...လက်တဆုပ်စာ (တကယ့်လက်တဆုပ်စာ) ကိုဖြန့်ချကြည့်လိုက်တော့...
ဘာလို့...တိုက်ခတ်သွားတဲ့လေပြေလေးတွေနဲ့...ပါသွားရတာတဲ့လဲ။
ပေါ့ပါးလွန်းတာလား..ပေါ့ပျက်လွန်းတာလား...။ဘာဖြစ်သွားတာလဲ...။ဒါဟာ....
ဘာလဲဆိုတာ..တယောက်ယောက်ဖြေပါ...။ဆရာကြီးအဆူဆူတွေ...ဘယ်ရောက်နေလဲ..
ဆရာကြီးတစ်ဆူဆူ...ဖြေပေးပါ။ ကျေးဇူးဆပ်ပါ့မယ်။

လူတိုင်းရိုးသားတာကိုကြိုက်ကြတယ်တဲ့။ လူဆိုးသူခိုးတွေကတောင်..ရိုးသားတာကိုကြိုက်ကြတယ်တဲ့။
“ဟုတ်လား....တကယ်လား...။” ခနဲ့ပီးမေးတာမဟုတ်ပါဘူး.။သေချာချင်လို့မေးကြည့်လိုက်တာပါ။
( ဆရာကြီးတွေဖြေမှာပေါ့လေ)..ဒါပေမဲ့...“ရိုးလွန်းတော့နွား ဆိုးလွန်းတော့ကျား” ဖြစ်သွားခဲ့ရင်ကော...။
“ရိုးသားမှုက အလှပဆုံး မာယာ” ဆိုရင်ကော...။
ဒီခေတ်ကိုက...မေးခွန်းတစ်ခုမေးလိုက်ရင်...အဖြေတွေက..ပရပွ..ထွက်ထွက်လာတတ်တာမျိုး...။
ဖြစ်နိုင်ချေတွေကိုက...အဲဒီလို...အစီအစဉ်မကျ...ပြန့်ကျဲ.... များပြား...မူကွဲ..ဘယ်ဟာ..အမှန်....အစစ်မှန်းမသိ...ဘယ်ဟာ...အတုမှန်းမသိ....
အတုရောအစစ်ရော..ရောတိရောရာ....မရေရာ...မသေချာ..ဇဝေဇ၀ါ....။
ရေသာများပီး..ငါးမတွေ့ခဲ့လို့...ခု...အိမ်ပြန်ပါတော့မယ်။
ရှိရင်းစွဲအိမ်..နေရင်းအိမ်မှာ...ပဲ..လိပ်စာအဟောင်းနဲ့..အရင်လိုပေပေတေတေ ဘ၀ကိုဖြတ်သန်းမိနေဦးတော့မှာ...။ငါးမရလို့..ရေချိုးပီးပြန်မလာခဲ့တဲ့...ကိုယ့်ကိုကိုယ်တော့..
ဒီပွဲမှာတကယ်ကြိုက်မိလို့...တိတ်တိတ်လေး ဂုဏ်ပြုပွဲလုပ်ပေးမိတယ်။
(ချီးယားစ်...အောသဘက်စ် ...) ပေါ့။ ဒီလိုပါပဲ...ဘ၀ဆိုတာ။ ။ ။


အမှုမဲ့အမှတ်မဲ့.. ခံစားတင်ပြချက်မျှသာ...
သရ
(၂၀၁၀ ဧပရယ်လ်)

Sunday, April 11, 2010

“မင်္ဂလာပါ သီဟပူရ”

“မင်္ဂလာပါ သီဟပူရ”

တစစ်စစ်နာကျင်ဖူးယောင်နေတဲ့
ပြည်တစို့စို့အထုပ်ကြီးက..ငါ့စိတ်
ပိတ်လှောင်ချောင်ပိတ်ရိုက်ခံထိထားတဲ့
ခွေးအ တစ်ကောင်ရဲ့ညည်းညူသံက..နောက်ခံဇာတ်ဝင်တေး
မောင်သိန်းဇော်ရဲ့အဆုံးမရှိအောင်ကျယ်ပြောတဲ့အမှားထဲ
ငါ့မှာ..တရားနဲ့ပဲ..ဖြေ..ဖြေနေရတယ်။

ယောနိသောမနသိကာရ...က
ငါ့ကို..ငါ့ကို...
ခွက်ထိုးခွက်လန်ရယ်တယ်...
(ကဲ့ရဲ့ဆိုးပုံများ..ပြောပါတယ်လေ...)
စိတ်ကလေးကိုက...လှုပ်နေတာ...(သေချာကြည့်)
အရှေ့အနောက်တောင်မြောက်ဘေးဘီဝဲယာထက်အောက်
မြင်တာကိုမြင်တယ်ပေါ့
ကြားတာကိုကြားတယ်
သိတာကိုသိတယ်...ပေါ့။
ဒါဆို..ပွဲသိမ်းပြီ။
(ခုတော့....ဘာကြီးကြီးကျယ်ကျယ်တွေလျှောက်တွေးနေတာလဲ)...တဲ့။
ပြောရက်လိုက်တာ..လောကဓံတရားရယ်..။

တစ်နေ့တစ်နေ့..ကိုယ့်ကိုကိုယ် အလေးပြုဖို့ကြိုးစားနေရတာနဲ့တင်
ဘာအလုပ်မှကိုမလုပ်ဖြစ်တော့ဘူး။
ပုထုဇဉ်တဲ့.......
ရီဇင်တွေနဲ့ဖာထေးထားတဲ့ ပလိုင်းပေါက်တွေနဲ့..ဖားကောက်နေသရွေ့
ဒီခရီး...နီးသလား..မမေးတော့ပါဘူး။
အချက်အလက်ကိုအချိုသတ်ရုံနဲ့...ကဗျာဖြစ်မလာဘူး။
မောဟကို...အချိုသတ်ရုံနဲ့...သံသရာတိုမသွားဘူး။
နေထိုင်လာတဲ့နှစ်တွေကိုအားတော့နာမိတယ်။
“ငါ...တတ်နိုင်သလောက်တော့....” လို့
ပြောချလိုက်တော့...အဲဒီမှာ..ဘောင်တစ်ခုကပါသွားတယ်။

လိုအပ်နေတာဘာလဲ...။
အလင်းတစ်ခုခုကိုရှာဖို့ဆိုပြီး....
အမှောင်တစ်ခုခုထဲဝင်ကြည့်မလို့လား။
သဘာဝတရားကို....အားတော့နာပါတယ်ကွယ်။
ကိုယ်ဟာ...သမားရိုးကျပတ်လမ်းကနေ..ချော်ထွက်လာတဲ့
သာမန်ဂြိုဟ်မွှားလေးပါ။
အထောက်အထားတိုင်းကို..ကာလာမသုတ်နဲ့ချိန်ထိုးလို့
ရမရ..သေချာမသိသေးတဲ့ကောင်ပါ။
သက်သေမရှိတဲ့အကြောင်းပြချက်တိုင်းကို
ဖွတ်မထွက်ခင် တောင်ပို့မှန်းသိအောင်..ကြိုးစားခဲ့မိသူပါ။
ကိုယ့်ဖက်ကအပြည့်ပေးနိုင်တာဆိုလို့...
ရိုးသားမှုလေးတစ်ခုထဲပါလာတဲ့ကောင်ပါ။
ဒီမြေမှာ...ကြဲချလိုက်တဲ့မျိုးစေ့တွေဘယ်လောက်အောင်မြင်မလဲ..
သေချာမရေရာသေးတဲ့ကောင်ပါ။

ဘာဖြစ်ဖြစ်
ငါလာပါတယ်
မင်္ဂလာပါ..သီဟပူရ။

သရ

(အိမ်ကထွက်လာတာ...သုံးလပြည့်တဲ့နေ့..အတွက်...အမှတ်တရလေးပါ။)

Friday, April 2, 2010

ရောက်တက်ရာရာ...


ဘာရယ်မဟုတ်ပါဘူး...ခုတလောဘာစာ..ဘာကဗျာမှမရေးဖြစ်ဘူး. စာတွေပဲလှိမ့်ဖတ်နေတာ..တလကျော်ဘီ...။
အာရုံတွေကညောင်းလာတယ်..ဘယ်လိုပြောမလဲ...မလန်းဘူးပေါ့နော်...။ ဘာအာရုံကိုမ ..ဖမ်းဆုပ် လို့မရဘူးဖြစ်နေတယ်...တခါတလေတော့..တိမ်တိုက်တွေကိုအရောင်ခြယ်ကြည့်မို့ပဲ... ဒါပေမဲ့..ဘယ်လိုပြောမလဲ...လေကမငြိမ်ဘူးပေါ့နော်...။တလုံးစနှစ်လုံးစတွေထွက်ကျလာတော့လဲ..
ရုံးကစင်းဂလစ်ရှ်သံတွေ...တရုတ်မရယ်သံတွေကြားမှာ... တစစီ အေးချမ်းမေဖြစ်ကုန်တယ်ပေါ့နော်...။

ဒီမှာ..အချိန်တွေကုန်တာမြန်
လွန်းတယ် တဲ့...ပြောကြတာပဲလေ...ဟုတ်တော့ဟုတ်သလိုလိုပဲဗျ...။ ကျနော်တောင်..ဘာလိုလိုနဲ့...၃လ ရှိသွားဘီ။ ဒီရောက်တာပြောပါတယ်...။
(ကြိ
ုရှင်းထားရတယ်..မဟုတ်ရင်..ကိုယ်ဖွခဲ့တဲ့..ဘလော့တွေ..သူငယ်ချင်းတွေက မနည်းဘူးလေ..
ကွန်မန့်အပြင်း
စားတွေလာမှာ..ကြောက်လို့) ...။ ၃လ ရှိဘီ...ဘာမှမကြာလိုက်သေးသလိုလို... ရောက်နေတာ..၃နှစ်လောက်၇ှိနေတဲ့လူလိုလို..ဘာလိုလို..
ညာလ
ိုလို...။

ဒီလိုပါပဲ...။ဌာနေ
ပြည်ကြီးမှာလဲ... .မိခင်တပ်ရင်းကကင်းကွာနေတဲ့ရဲဘော်လေးကို.
..ပြန်တမ်းထုတ
်လိုက်ကြဘီ လို့ကြားသိရတယ်။ ..ဗမာကားတွေထဲကလိုဆို..စိတ်မကောင်းစရာ တော်တော်ကောင်းတဲ့ဇာတ်ကွက်မျိုးပေါ့နော်...။
တကယ်တော့...ဒီသတင်းကိုကြားမ
ိမှ...မိခင်တပ်ရင်းကိုသတိရ ရကောင်းမှန်းသိတဲ့ ရဲဘော်လေးကတော့.. အာခေါင်များလှံစူးလေမလားပေါ့နော်..ဒီလိုလဲတွေးမိပါတယ်..။

အူကြောင်ကြောင်ပညာရေးလောက
... အူကြောင်နီယာလောက..
.အူကြောင
်ကြောင်ကျောင်းဆရာလောက..အူကြောင်ကြောင်ကျောင်းသားလောက.. အူကြောင်ကြောင်ရပ်ဝန်းဒေသ...ထဲမှာ...အူကြောင်ကျားလုပ်နေခဲ့တာ...ရှစ်နှစ်ဗျ...ရှစ်နှစ်...ဘာမှတ်လဲ..။ ဒီလိုပြောလို့..“ဒီကောင်တော့ အိမ်အပြင်ရောက်တာနဲ့...ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတော့မယ်ကွ”လို့... ၀မ်းသာအားရမတွေးလိုက်ပါနဲ့လေ..ကျနော်က အူကြောင်ကျားပေမဲ့..အဲလို.. အူကြောင်ကြောင်အလုပ်ကျတော့မလုပ်တတ်ပြန်ဘူး...ထောင်းချင်းထောင်း..သူများရဲ့............... အဲလေ...ထားလိုက်ပါတော့..မပြောတော့ပါဘူး....။

ခုတော့ဘယ်လိုပြောမလဲ..ကျနော
်ချစ်ခဲ့တဲ့...ရှစ်နှစ်တာကာလကို..သူမျက်ကွယ်ပြုပီးပေါ့နော်.. ကျနော့်ကိုကွာ၇ှင်းတယ်ပေါ့နော်....။ ကွာ၇ှင်းသတင်း တောက အမေ့ဆီရောက်တော့...အမေက.. တခုလပ်လေးကိုသနားမိသလိုခံစားချက်မျိုးဖြစ်လိုက်သေးဆိုပဲ... အမေတို့များ သံယောဇဉ်ကြီးတတ်ပုံပြောပါတယ်လေ....။ ဘာပဲဖြစ်ဖြစ်ပေါ့နော်..
ကျနော်လဲ..ချစ်ခဲ့တုန်းကတော့..သစ္စာတကယ်ရှိခဲ့တာပါ။
မြတ်မြတ်နိုးနိုးကြီးမဟုတ်ခ
ဲ့ပေမဲ့....ဖွဖွလေးတော့...
မြဲနမ်းမိခဲ့တာပါပဲ....။ “ငါတို့ဝန်ကြီးဌာနမှာက...ဒါတွေကဒီလိုရှိတယ်လေ..” ဆိုတာမျိုးတွေလဲ...
နဲနဲပါးပါးတော့..ပြောဖူးခဲ့သလိုလိုပေါ့နော်...။

ဘယ်လိုပြောမလဲ..အင
်း..အဲလိုပေါ့နော်..။ ခုတော့..ငါ့ချစ်လှစွာသော သိပ်ပန်းတဲ့နည်းပညာ
(အဲလေ...) ချစ်စွာသော နှုတ်ခမ်းပဲ့လေးရေ...
ငါတို့ချင်းမီးဆက်မှုတ်လို့မရကောင်းတော့လို့...ငါလဲ..
ီလိုပဲ.ဒီလိုဒီလိုပဲ...လုပ်ခဲ့တယ်ပေါ့နော်...။ ဘာဖြစ်ဖြစ်..ငါပြန်လာပါ့မယ်ပေါ့နော်...။ တခုခုလက်ဆောင်ယူလာနိုင်တဲ့တနေ့ပေါ့နော်...။ဘယ်လိုပြောမလဲ....။
ကဲပါ..ထားလိုက်ပါတေ
ာ့ဗျာပေါ့နော်...။

ဒီလိုပါပဲ...ဘ၀ဆိုတာမျိုးကလ
ဲရေကူးကန်ကြီးလိုလိုဘာလိုလိုကိုးဗျ...။ ရုန်းရကန်ရနဲ့လေ...။ အဆင်ပြေသလိုနေကြတာပေါ့..နော်...။ မပြောပါဘူး...ကျနော်က..တနယ်တကျေးရောက်သွားလို့
ကိုယ့်ရွ
ာအကြောင်းကိုယ်မကောင်းပြောတတ်တဲ့.. ခပ်ကြောင်ကြောင်ဘ၀မေ့တတ်သူ
တွထဲမှာ...မပါပါဘူး...။ (နောက်တာပါ..
.ခဲတခြမ်းထဲနဲ့
..ငှက်ဘယ်နှစ်ကောင်ထိသွားမှန်းမသိလို့...ကြိုပိတ်လိုက်တာပါ..။)

ထားပါတော့...ဟိုပေါ်လီကျောင်
းကအငြိမ့်ခွေထဲကပြောသလို....
“ဟင်း..သိကြားမင်းဂျီးကလဲ..
သောက်ရေးလဲမပါဘူး” ..
.“ဘာကွ”..ဆိုတော့.... “ အော်..သိကြားမင်းသောက်ဖို့
သောက်တော်ရေလဲမပါဘူးလို့ပြောတာပါ” ပေါ့နော်..။
“ဘ၀ဆိုတာ..ဘာသောက်တော်ရေမှလ
ဲမပါဘူး...”ဆိုတော့လဲ..မဟုတ်သေးပြန်ဘူး...။ တကယ်ပါ....ခုထက်ထိတော့...လျှောက်ခဲ့သလောက် လမ်းတွေအားလုံးနဲ့
ရေးခဲ့
သလောက်ကဗျာတွေအားလုံးကို..တာဝန်ယူနိုင်သေးတယ် ဆိုတာပါပဲ။

အားလုံးကတော့..ကိုယ့်အတွက်..ပို..ပိုကောင်းမယ်ထင်တဲ့..စစ်ကိုင်းဖက်...ကောင်းမယ်ထင်တဲ့...ပဲခူးဖက်... မြင်းနဲ့စိုင်းလိုက်...လှေနဲ့လှော်လိုက်ပေါ့လေ...။ လမ်းတူတူမတူတူ..နေရာဒေသတူတူမတူတူ...အားလုံးသော..သူငယ်ချင်းတွေ မိတ်ဆွေအပေါင်းအသင်းတွေဟာ...ကိုယ်နဲ့တန်သလောက် ၀န်တွေကိုထမ်းနေကြရတာပါပဲ။

ဘ၀ဆိုတာ...စိတ်နဲ့တန်သလောက်
ဖြစ်တယ်..ဆိုတဲ့ဆရာတော့်စကားကို..ကျနော်ကလက်ခံကျင့်သုံးပါတယ်။ ကြေကွဲရတာ..နာကျဉ်ရတာတွေတော့ ..တခါတလေ..ရှိကောင်းရှိမှာပေါ့နော်...။
“Most of the suffering that we feel are the choice of ourselves” ပေါ့နော်။

ဒါပေမဲ့...ကျနော်တို့....ခု
ထိတောင်(နှစ်၃၀နီးပါး)..ကျော်ဖြတ်ခဲ့ပီးပီပဲပေါ့လေ...။

အဆင်ပြေမှာပါ။
ဖြစ်သင့်ဖြစ်ထိုက်တာတွေ..ဖြစ်ချိန်တန်ရင်ဖြစ်သင့်သလောက်ဖြစ်လာမှာပါ ပေါ့နော်...ဒီလိုလေးပဲ.. မျှော်လင့်ထားလိုက်ကြတာပေါ့နော်..။ ငယ်ငယ်ကတော့ဖြစ်ကိုဖြစ်ရမယ်တွေဘာတွေပေါ့နော်...။ ကျနော်တို့ဝံကြီး..(သီးခံပါ...စာလုံးပေါင်းမှားသွားခြင်းဖြစ်ပါသည်) ကျနော်တို့..၀န်ကြီးကပြောဖူးတယ်...။ “ I BET I CAN” တဲ့။ ပထမနှစ်တုန်းက..အဲစာသားကို..အဆောင်အခန်းနံရံမှာ(မန်းချယ်ရီနံရံမှာ).. ဒရောရင်ဆွဲတဲ့ခဲတံနဲ့စာလုံးကြီးကြီးနဲ့ရေးခဲ့ပါတယ်...။
၁၆ နှစ်ကျော်ကျော် ချာတိတ်လေးကိုးဗျ...ခုပြန်ေ
တွးကြည့်တော့..ဟဲဟဲ...ပျော်ပါတယ်...။

ဘယ်လိုပြောမလဲ..ငယ်ငယ်တုန်း
ကကျော်ဟိန်းကြိုက်ခဲ့တာကို..ကြီးမှပြန်တွေးပီး၇ှက်နေတတ်တဲ့လူမျိုးတွေထဲမှာ..ကျနော်မပါ ပါဘူးပေါ့နော်...။ အဟဲ...။ ဘာပဲဖြစ်ဖြစ်..ကျနော်..သူငယ်ချင်းတွေကို..တကယ်သတိရနေမိပါတယ်..ဆိုတာလေးပါပဲ။ ငြိမ်းအေးတည်ကြည်သော စိတ်အစုံဖြင့် ဘ၀ကိုအေးချမ်းစွာဖြတ်သန်းနိုင်ကြစေကြောင်း... လောကဓံကိုကြံ့ကြံ့ခံနိုင်ကြစေကြောင်း....ဆုမွန်ကောင်း...တောင်းလိုက်ပါတယ်..။.
(တောင်းတာနော်...ပေးတာမဟုတ်ဘူး...ပေးကြဖို့တောင်းတာ..)။

နောက်တာပါ။ တကယ်..ဆုတောင်းပေးလိုက်တာပါ
ဗျား။


vowel(2010)

ပျင်းလို့ရေးတဲ့ကဗျာ

“ပျင်းလို့ရေးတဲ့ကဗျာ”

အဓိပ္မါယ်ကို သိချင်လို့ပဲ
အဓိပ္မါယ် တွေနောက်တကောက်ကောက်လိုက်ခဲ့တယ်
အဓိပ္မါယ် တွေကလဲ များပဲများနိုင်လွန်းတယ်။
သမရိုးကျကို လွန်ဆန်ချင်တယ်...
လက်တွေ့ကျကျ ဘ၀တခုကိုတည်ဆောက်ချင်တယ်..
ကဲ ဘယ်မလဲ...
ချစ်ခြင်းမေတ္တာ-နားလည်မှု-ကိုယ်ကျင့်တရား
တခုခုပေးမှ..တခုခုပြန်ရတယ် ဆိုတော့
လောက...ကိုက အပေးအယူဆန်လွန်းတယ်။
ဒါ..ငါ..အတ္တကြီးတာ...တဲ့
ဒါ..ငါ..မှားနေတာ...တဲ့
ဒါ...ငါ...အယူလွဲနေတာ...တဲ့
သွားစမ်းပါ..သွားကြစမ်းပါကွ
ဒီလမ်းကြီးက မှန်တယ်လို့ မင်းတို့ထင်သလို...
ဒီလမ်းကြီးက မှားတယ်လို့ ငါကထင်ပါတယ်။
ကဲ...ဘယ်နှယ့်ရှိစလေ။
ပြောမှာပေါ့...ငါ့ကိ
ဘုန်းကြီးတစ္ဆေလို့...
အယူတိမ်းလို့ နတ်စိမ်းဖြစ်မဲ့ကောင်..လို့
ဘယ်လိုချွတ်ချွတ်မကျွတ်တော့ပါဘူး...လို့..
အမလေး....
အချစ်အတွက်များ...ငါက
သာမန်သမရိုးကျအားလုံးကို...လက်ခံရဦးမတဲ့...
ပျင်းလိုက်တာ..။

သရ(၁၂-၂-၂၀၁၀)

သူစိမ်းဆန်သွားတဲ့ကဗျာ

"သူစိမ်းဆန်သွားတဲ့ကဗျာ"

တစုံတယောက်က..'လက်မခံဘူး'..ဆိုလို့
ရပ်တန့်ထားရတဲ့..ရေးလက်စ.........ကဗျာ..
အမှန်တရားတခုက..သံသယနဲ့..ရိုက်ချခံခဲ့ရတယ်
'ငါဆက်လျှောက်ရင်..သူထိခိုက်မယ်'...ဆိုတဲ့စေတနာလေးကိုတောင်
ရယ်သွမ်းသွေးပစ်ရက်သူတွေဆီမှာ
ဘာသံယောဇဉ်မှမရှိတာ...မဆန်းပါဘူး။
ရပ်တည်ချက်ကိုမှမပြောင်းရင်
အထီးကျန်ဆန်မှုကိုလက်ခံရမယ်
သိသိကြီးနဲ့..လက်ခံပေးခဲ့ရသမျှအားလုံးမှာ
'ခင်ဗျားတို့မတရားဘူး'...ဆိုတာချည်းပဲ။
'ပန်းကလေးကိုနမ်းချင်ရင်...ဥယျာဉ်မှုးတော့ကြည့်ရမယ်'...တဲ့။
ဟာသဆန်လိုက်တာ....။
'It's too funny !!!' ...ပဲ
ဒီလိုပဲရုန်းကန်နေကြရဦးမယ်ဆိုရင်...
တယောက်ထဲလမ်းလျှောက်ထွက်ရတာပိုကောင်းမှာပါလေ..
တကယ်တော့....
စိတ်ကူးထားတဲ့...အကိုင်းဖျားမှာ
ငှက်ကလေးကလဲ....မနားခဲ့ပါဘူး။။။

သရ(၂၀၀၉)

The Play

“The Play”

ဆောင်ရန်ရှောင်ရန်….လမ်းမများ

အလွတ်ရွတ်ဆိုခဲ့ရသော ….ဒုက္ခတရားများ

မကြာမကြာမေ့လျော့ခဲ့သော…..ဘတ်စ်ကားနံပါတ်များ

သဲဖြင့်အတိပြီးသောကျနော့်ဘ၀…setting....

စိတ်တိုင်းကျတင်ဆက်ခွင့်

ဖြစ်သလိုတော့မကနိုင်ဘူး

ဆိုလက်စသီချင်းမရပ်ဖို့က အဓိက

အဓိက….က….အဓိက

ဘ၀..ကစားပွဲစတင်မယ်

ဖိုက်-ဖိုး-သရီး-တူး-၀မ်း။ ။ ။


သရ
(နယ်ကနေရန်ကုန်ရွှေမြို့တော်ကြီးကိုရောက်စက..ရေးဖြစ်ခဲ့တဲ့ကဗျာဟောင်းလေးတပုဒ်ပါ။အဲဒီတုန်းကတော့...ဘ၀ဆိုတာ ဘာညာဘာညာ..ပေါ့။ နောက်ကျတော့လဲ....ဘ၀ဆိုတာ..ဘာညာဘာညာ ပါပဲလေ။)