ကျောင်းမှာမသင်တဲ့စာတွေ ငါ..အိမ်မှာကျက်ရတဲ့အခါ စိတ်လိုလက်ရ ခမ်းနားခွင့်ရတဲ့ရက်တွေမှာ

Monday, October 11, 2010

"It's me!"

''Mom, actually,a poet is a resistance wire'' (Mg Chaw Nwe)
If so, the wire with the tiniest gauge is ...me!
''We always pick up the poem to move our voice'' ( Zaw luu Sein)
If so, the best picker is...me!
''Most of the poets are just liars always trying to lie themselves'' (Vowel)
If so, the most honest liar is...me!

Footnotes:
(I saw these sentences written in graffiti art
all over the wall of the dark cell in hell
when I went there last night.
I don't understand very well what massage they want to give.
But I think, most of their feelings are basically identical.
You know, actually poets are like alcoholic drinkers drinking
their feelings and dreams at night and feeling hangover
in the morning.
Yeah,they're really getting a feeling hangover after drinking
their dreams.

with lots of Metta,
vowel
(12-10-10)

Sunday, October 10, 2010

ELECTION

နိုဝင်ဘာလ အနီး..
မဲများ နွံထဲကျွံနေသည်။
ကူရ်ျတွန်းပေးကြပါ။
ပြိုင်တူတွန်းလျှင်ကော...
(အမှန်တကယ်...ရွေ့နိုင်ပါမည်လား...)


သရ
(၁၀.၁၀.၁၀)
(ရွက်လွင့်ဆဲ...အောက်တိုဘာ ရဲ့ပထမဆုံး ပို့စ်)

Thursday, September 9, 2010

Permanent Residence in Human Plane



အိပ်တန်းပြန်ငှက်တစ်အုပ်နဲ့ မိုးပြာရောင်ညနေခင်းတွေထဲ

လက်ရှိစိတ်အခင်းအကျင်းကို ဖြန့်ချတင်ဆက်ဖို့
ဒါမှမဟုတ်...
လက်ရှိစိတ်အခင်းအကျင်းကိုဖုံးကွယ်ထိမ်ဝှက်ဖို့
ဝင်လေနဲ့ထွက်လေကြား ပျောက်ဆုံးနေတဲ့ ဘ၀အဓိပ္ပါယ် တစ်ခုခုကိုရှာဖွေဖို့
အလင်းသွားနှုန်းထက်မြန်တဲ့ စိတ်အလျဉ်တွေနောက် မှတ်သိစိတ်တွေအမှီလိုက်ဖို့..
အလာဘ၊ အယသ၊ နိန္ဒ၊ဒုက္ခ..ဆိုတာတွေကို ခါးစောင်းတင်စိန်ခေါ်ဖို့
အထပ်ထပ်တပ်ငြိစရာ...အဆီတ၀င်းဝင်း ဘ၀တဏှာကို လွှတ်ချပစ်လိုက်ဖို့
သဲတစ်ရှပ်ရှပ် သံသရာလွတ်လမ်းတွေဆီ မျှော်ခေါ်ငေးမောကြည့်လိုက်ဖို့
လေယာဉ်ကွင်းတခြား လေယာဉ်ပျံတခြား ဆင်းသက်မိခဲ့သမျှအိပ်မက်တိုင်း
သိမ်းထုတ်သေချာ..ပြန်အဖတ်ဆည်နိုင်စေဖို့...
ဟိုအရင်လို...စံပယ်တွေပွင့်ဝေနေတဲ့
ငြိမ်းအေးဆိတ်သက်ရာ..၀မ်းဝေး လေးထဲ
တကြိမ်တခေါက်..ငါ...ပြန်ရောက်နိုင်ပါဦးမလား..မသုစန္ဒာရေ။
ခုတော့...ငါက
(မတော်တဆ...ဒါမှမဟုတ်..တမင်တကာ...)
ချော်လဲလို့ရောထိုင်ချခဲ့တဲ့ နှစ်သုံးဆယ်စာမိုက်မဲမှုတွေနဲ့
ဟောဒီမနုဿ ဒုလ္လဘ မှာမှ....ဆန်စင်ရာ ကျည်ပွေ့လိုက်ခဲ့ပေါ့။ ။ ။


ကြည်လင်ဆိတ်ငြိမ်သော စိတ်အာရုံဖြင့် အေးချမ်းကြစေသား။
သရ
(၉.၉.၁၀)

(စိတ်ဖိစီးမှုတွေများလာတာကို..ညညအိပ်မပျော်တတ်တာတွေကို...ဖြေရှင်းတဲ့နည်းတွေထဲမှာ...
ဝင်လေထွက်လေမှတ်တာထက်ကောင်းတဲ့နည်း..ဒီကမ္ဘာပေါ်မှာ..မရှိသေးပါဘူး..ဆိုတဲ့ ၁၉၉၈ ခုနှစ်က ကျနော့် မသုစန္ဒာ အား သတိရခြင်းများစွာဖြင့်...)