ကျောင်းမှာမသင်တဲ့စာတွေ ငါ..အိမ်မှာကျက်ရတဲ့အခါ စိတ်လိုလက်ရ ခမ်းနားခွင့်ရတဲ့ရက်တွေမှာ

Saturday, July 31, 2010

Thirtieth Presents

လူဆိုတာ..သေတစ်နေ့မွေးတစ်နေ့...တဲ့။

ကျနော် နေ့တစ်နေ့မှာ..မွေးဖွားခဲ့ပါတယ်။

ကျနော် နေ့တစ်နေ့မှာ..သေဆုံးပါလိမ့်မယ်။

ကျနော် နေ့တစ်နေ့မှာ..ရှင်သန်ဖြစ်ထွန်းခဲ့ပါတယ်။

ကျနော် နေ့တစ်နေ့မှာ..ပျောက်ဆုံးလွင့်ပျယ်ရပါမယ်။

ဒီလိုပဲ...ဖြတ်သွားဖြတ်လာ လုပ်ရင်း..လမ်းတစ်လျှောက်က မှတ်တိုင်တွေကို

မှတ်မှတ်ထင်ထင်မထားဖြစ်ခဲ့တာများပါတယ်။

လူတစ်ယောက်အနေနဲ့တော်တော်လေးပေါက်မြောက်ရှင်သန်နေထိုင်

်ခဲ့ပီးကြောင်းသက်သေအနေနဲ့...“မှတ်တိုင်သုံးဆယ်” က..သိပ်ထင်ရှားလွန်းလှပါတယ်။

“သုံးဆယ်” ဆိုတာ...လူတစ်ယောက်အတွက်..လူ့ဘ၀မှာ..အရာရာအတွက်..

ရှင်သန်နေထိုင်ဖို့တော်တော်ကောင်းတဲ့ “အရွယ်” လို့..တစ်ချို့ကပြောကြပါတယ်။

ကျနော့်အနေနဲ့..ငြင်းရခက် မငြင်းရခက်ပါပဲ။

သုံးဆယ်မှာ..လူတစ်ယောက်အနေနဲ့...အလှပအတင့်တယ်ဆုံး..

ကျန်းမာဖွံ့ဖြိုးနေတဲ့...အသက်အရွယ်တစ်ခု

ပြီးပြည့်စုံနေတဲ့ ပညာအရည်အချင်း...အလုပ်အကိုင် ရာထူးဌာနတခု..

ဒါမှမဟုတ် ကိုယ်ပိုင်စီးပွားရေးတစ်ခု...ကိုယ်ပိုင်မိသားစုဘ၀တစ်ခု...

ကိုယ်ပိုင် ဘ၀ဒဿန တစ်ခု...ကိုယ်ပိုင် ဘ၀နေထိုင်မှုပုံစံတစ်ခု...

ရှိနေသင့်ပြီ...ဘာညာ...လို့လဲပြောကြပါသေးတယ်....။

မှန်သင့်သလောက်တော့ မှန်မယ်ထင်ပါတယ်။ ကျနော့်အနေနဲ့ကတော့...

ဘာရှိရှိမရှိရှိဖြစ်တယ်...ဆိုတဲ့ဘ၀မျိုးနဲ့...ဘ၀ကို..တော်တော်

ဖြစ်သလိုပဲနေခဲ့တာများတော့...“သုံးဆယ် မှာ ငါဘာဖြစ်ရမယ်” လို့

ဘယ်တုန်းကမှ..ဘယ်လိုမှ..မမှန်းဆမမျှော်လင့်..အားမထုတ် မကြိုပမ်းခဲ့ဖူးတော့

“သုံးဆယ်” မှာ..ကျနော်..ဘာမှလဲ ဖြစ်မလာသေးပါဘူး။

ဒီလိုပဲ...ရေလိုက်ငါးလိုက်...ဘ၀ကိုနေပျော်အောင်နေနေလိုက်တာ...

နှစ်သုံးဆယ်ပါ။ ဘာမှဖြစ်မလာသေးတာတွေအတွက်...

ဘယ်နေရာမှာမှ..ရွံရွံချွံချွံမဖြစ်ခဲ့တာတွေ.အတွက်...

ဘယ်လိုမှ.. စိတ်မကောင်းလဲမဖြစ်မိတာတော့...ကျနော့် နုံချာညံ့ဖျင်းမှု

လို့...ဆိုချင်..ဆိုနိုင်ပါတယ်။


လက်ဆောင်ရတဲ့ ကဗျာလေးတစ်ပုဒ်နဲ့ မွေးနေ့ဆုတောင်းစာရှစ်ကြောင်း

အမှတ်တရ တင်လိုက်ပါတယ်။

အားလုံးငြိမ်းအေးသာယာနိုင်ကြပါစေ။


ဆည်းဆာကျူးရင့်သံ


ဖြစ်ပုံများရတဲ့ ဘ၀ထဲ

ဖြစ်ရပုံများ

ဖြစ်နေလိုက်ကြရပုံများ။


ငါ့ကို သိပ်ချစ်သတဲ့

ငါ့အပေါ် တိမ်းညွတ်ယစ်မူး

ငါနဲ့ ကြည်နူးသတဲ့

ငါ ငုတ်တုတ်ကြီး ရှိနေပါရက်နဲ့

ငါ့ကို လွမ်းရပြန်သေးသတဲ့

သူ့ အလွမ်းမီးတွေကို

ငါကပဲ လေပင့်ပေးနေသလိုလို

ငါ့ပခုံးကို ကနွဲ့ကလျမှီ

သီတော့မလိုလို ဆိုတော့မလိုလို

ရယ်တော့မလိုလို ငိုတော့မလိုလို

ညိုတိုတို မျက်နှာထား

ယောင်ချာချာ နှလုံးသားနဲ့

ပေတိုးတိုး ကောင်မလေး။


ငါ မခေါ်ဘဲ ငါ့ဆီ ရောက်ရောက်လာပြီး

ငါ မနှင်ဘဲ ငါ့ဆီကနေ ထွက်ထွက်သွားတတ်တဲ့

သမ္ဘာရှင် နေမင်းကြီး။


တစ်နေကုန်အလေလိုက်

မောဟိုက်နွမ်းလျ

ခေါင်းငိုက်စိုက်ချ

အိမ်ပြန်နေကြတဲ့

အပေအပွေ တိမ်တစ်သိုက်။


တစ်နေကုန် တစ်နေခမ်း မမောမပန်း

လောကအတွက် တေးတွေဆို

မနဲ့ဖို သံချိုနှော

မောလို့အိပ်တော့မယ့်

သာရကာ ငှက်တစ်အုပ်။


အငွေ့ပျံ ကွက်လပ်ရှိရာဆီ

နေရာလုဖို့ ငမ်းငမ်းတက် အသော့နှင်ရင်း

နာမည်လှလှ ရသွားကြတဲ့

ဖျာခင်းတတ်သူ လေပြေညှင်းများ။


ငါ့ကိုမှအားမနာ

ငါကြွေရာ ပျော်ပွဲဆင်ကြတော့မယ့်

သကောင့်သား ကြယ်တာရာတွေ။


အဲ့ဒါတွေကို

ဒါတွေကို

ငါဘယ်လိုများ

မြိန်မြိန်ကြီး စားသုံးနိုင်မှာတဲ့လဲ။


ငါက

ဆည်းဆာဆိုတဲ့ ဒီကောင်က

ကောင်းကင်ကြီးလို ပြောပြောကျယ်ကျယ်

ပင်လယ်ကြီးလို နက်နက်ရှိုင်းရှိုင်း

ဒီလှိုင်းတွေလို တိတိကျကျ

လပြည့်ဝန်းလို ရွှန်းရွှန်းပပ

ခမ်းနားလှတဲ့ကောင်မှ မဟုတ်တာ

သာမန် ဆည်းဆာလေ။


မွေးနေ့လက်ဆောင်

မနေ့က ကြားလိုက်ရတဲ့ ဆည်းဆာရဲ့ ကျူးရင့်သံပါ။

မနက်ဖန် ကျရောက်မယ့် ရှင်သရရဲ့ မွေးနေ့အတွက်

ဒီနေ့ ရှိတာလေးကိုပဲ မွေးနေ့လက်ဆောင် လုပ်ပေးလိုက်တာပါ။

(စရ)

SG8.35A, 31Jl10

--------------------------------------------------------------------------


9,2,17,17,26 3,10,19,21,9,5,2,26

お誕生日おめでとうございます

عيد ميلاد سعيد

生日快樂
Všechno nejlepší k narozeninám

जन्मदिन मुबारक
Շնորհավոր Ծննդյան օրը
생일 축하


(by kaungkinko)


May All Beings be happy and serene.
with Metta,
vowel
(31Jul2010)


Friday, July 30, 2010

Thirtieth Dream

2010July31

It would be just an ordinarily beautiful Saturday with the rain showering.I would go to the airport, controlling myself shaking with Euphoria, with just a light handbag carrying food, some presents for my mother and a pair of my suits.Through the grandeur Changi Airport, I would be taken home by Silk Air, quietly, and reading a newspaper.

Mangaladon evening would be welcoming back me with a fresh and youthful embrace.I would run into a slightly chubby lady shouting: "Here is Mum," and I would huge her and kiss her plump cheeks.

The old lady would say: "Let's have a look. You've put on weight though you said you're unhappy over there."

Although the initial objective of the trip was paying homage to Shwedagon Pagoda and my mother, considerable time must be spent for food, one of my minor enjoyments.I would go home, take a quick bath, and with my mother, go to China Town, Lathar township, to enjoy a Marlar dish.My elder sister living in Lathar Street would be invited to enjoy tea at Golden Apple cafe' and have a chat.

Later in the evening I would go back home and spend the night together with my mother.While being slit-eyed, placing my head on my mother’s thick fat belly which cannot be replaced with any pillow under the sun, my mother would ask: “Have you found a boyfriend?”

And I would say: “Don’t drink a lot of beer. You’d better refrain at least during the Buddhist lent.” I would reply cheekily: “If I mustn’t drink beer then I can drink other alcohol,hee hee...?”.

Then my mother would gently beat my forehead, saying: “Alas, this baby! Will be hurt if I beat. Hunn.”


1st August 2010

At daybreak I would go to Shwedagon Pagoda, invigoratingly and happily, wearing a set of suits in light pearl color. I would offer 31 pearly white roses to the Gotama Buddha's Image at the north side of the stupa and would pay homage to the Buddha.

I would then go down to the Thway Hsay Kan holding my mother's hand after reciting all the Patthana, Dhammacakka and 11 Parittas.

I would release 31 fishes and wish for the freedom from Samsara, the prize for my merit, going beyond the limit of a normal return. I would then go to Myaynigone and enjoy a nice Myanmar Mont-hinn-khar (fish soup) accompanied by fried feather back and gourd fritter. I would also try a spoon of Monti (a noodle salad) form my mother's bowl.

In the afternoon we would be back at home and then I would go to Mingalardon Airport after bowing down onto my mother's feet.

Along the way to the airport I would be talking jokes so that I can evade catching my mother's tearful eyes meanwhile my mother would lovingly scold me saying: "You can speak a lot of nonsense." I would accept it with a smile.

I would then get on board the Silk Air after my mother would have told me for the fifth time: "Take care of your health. Don't worry about me."

"Bye, Mum."

At Changi Airport a group of my friends among the colorful lights would be welcoming her happily.

“Only East Coast is good. Hey, guy. Only East Coast, yeah. Let’s move. Hey. Ok?"

I would be celebrating my birthday party with many friends and beer tins, freely and happily, toasting barbecue at East Coast far away from my mother, after making a strong decision that I don't need to keep a promise which was not given to my mother in the first place because I like beer that my mother doesn't like.

Actually I have spent thirty years in the world, as an ordinary youth who has fully attained the age of thirty and who is neither sharp nor distinguished in any field.

I have satisfactorily and hopefully thought that one day my dreams will reach the sea and that at the end of those roads there must be a wall against which I can lean.

Carelessly I want to be living like water and air, with a huge solid of thirst for life willing to compose poems as longs as all the blood in my body are transforming into words.

When the guardian goddess of royal umbrella asks me what is urgently needed for me willing to be able to wholeheartedly apply the Noble Practice which has not yet developed in the world, it would unexpectedly be answered: "Mettasitala hadayam.(မေတ္တာသီတလ ဟာဒယံ)."



(This post is for my coming birthday and this is a presentation of
one of my dreams, dim-witted imaginations. On that day I'd like
to be going back home to stay there at least for few moments,
by anyhow. I understand this is a childish thought disordered.
But it's lucky that there's no taxation on this imagination.
I'm respectfully paying homage to the five benefactors,
maternal love, and all of my benefactors.)

May all be happy and serene.
With Metta.
Vowel
(30JULY2010

Tuesday, July 27, 2010

Thirtieth Poem


နှစ်ဆယ့်တစ်ရာစု ဆိုလား…

ရာစုတခုသာပြောင်းသွားတယ်…

အသည်းနှလုံးတွေလူလားမမြောက်နိုင်ဘူး။

အတွေးတွေ ပိတ်

ဥိးနှောက်တွေပိတ်

အသိဥာဏ်တွေပိတ်

ဒါပေမဲ့ အဲဒီ အပိတ် ကိုက

ရွှေရောင်ပြိုးပြက် လှပနေလေတော့

ပြက္ခဒိန်ပေါင်း ကိုးခု..ဆယ်ခု…

ဒီတိုင်း တရွတ်တိုက်

ဆုတ်ဖြဲခဲ့…

စီးဆင်းခဲ့

နစ်ဝင်ခဲ့

နစ်မွန်းခဲ့

ဒါဟာ ဘ၀ပါပဲ။

နောက် ကိုလှည့်ကြည့်ရင် ချောက်ကမ်းပါးး…

ရှေ့ကိုလှမ်းမျှော်တော့ တောင်ကမ်းပါးယံ

ပတ်ဝန်းကျင်တခုလုံးက

စနစ်ဆိုးမြူတွေနဲ့ လက်မထပ်ဘဲ အတူနေ

ရေလိုက်ငါးလိုက်ပေါ့လေ…တဲ့

လိုက်လိုက်နိုင်လွန်းတဲ့ရာစုတွေ…

လင်းလင်းနိုင်လွန်းတဲ့နောက်မီးတွေ…။

အရာအားလုံးမှာ..အချိုးကျလည်ပတ်နေလျက်က

ရုတ်တရက် လက်ခုပ်တီးမိလိုက်သလိုလို အတွေးအခေါ်တွေ

ရုတ်တရက် ထောက်ခံလိုက်မိလိုက်သလိုလို အယူအဆတွေ

ရုတ်တရက် မဲပေးလိုက်မိသလိုလို ခံယူချက်တွေက

ငါ့အရေပြားပေါ် လောက်ကောင်တွေလို ရွတက်လာတဲ့သက္ကရာဇ်ဆိုးမှာ

ငါ့ အချစ်ကို ငါ ကွာရှင်းပြတ်စဲခဲ့ပါတယ်။

ငါ့အိုးစားတွေကို ငါ ကိုယ်တိုင်ရိုက်ခွဲခဲ့ပါတယ်။

ငါ့ကွန်ချက်တွေကို ငါ ဆုတ်ဖြဲလွင့်ပစ်ခဲ့ပီး

ငါ့အိပ်မက်တွေကိုငါ..သတ်ပစ်ခဲ့လိုကိတယ်။

တခါက ငါ့အိပ်မက်တွေမှာ…

“ငါတို့” ဆိုတဲ့ အသုံးလေး ကိုက…

ဘယ်လောက်ကျက်သရေရှိလိုက်သလဲလေ။

အဲဒီ တဘ၀တာ ကို..

အဲဒီ တခဏ တာနဲ့..စတေးခဲ့တာလား…တဲ့။

ငါ (ငါတို့)…က

ထပ်မံ ထွန်ယက်စိုက်ပျိုးဖို့

ဘာကြောင့် နယ်မြေသစ်တွေဆီပဲသွားခဲ့တာလဲတဲ့…။

မြေဆီလွှာအနှစ်အသားတွေကျန်နေရက်နဲ့..

ကမ္ဘာဥိးလူသားတွေလို..ဘာလို့…

စားကျက်ရွှေ့ပြောင်းနေထိုင်ရေးကိုပဲ..

အားစိုက်နေခဲ့ကြတာလဲတဲ့…။

အမေ ကိုယ်တိုင်ဒီလိုမေးရင်

မင်းကိုယ်တိုင်…ငါကိုယ်တိုင်…(ငါတို့) ကိုယ်တိုင်…

ဘယ်လိုဖြေရမှန်း…

ဘယ်လိုလေးဖြေလိုက်ရမယ်မှန်း…

ကြိုတင်ပြင်ဆင်လေ့ကျက်ပီးသား

လာနေပါပီ…။

အဖြေဟာ တိတ်တဆိတ်ခြောင်းမြောင်းတပ်ဆင်ထားတဲ့

ဒိဂျစ်တယ်ကင်မရာထဲမှာ..

မှတ်တမ်းမှတ်ရာ အပြည့်နဲ့

လူကြီးလူကောင်းဆန်ဆန်ဝတ်စားလာပါလိမ့်မယ်

ဒါဟာ အဖြေပါ။

ဂလိုဘယ်လိုက်ဇေးရှင်း ဆိုတာ…

ကမ္ဘာကြီးက ရွာပါ.. ဆိုတာ…

ဟိုး..ကျေးလက်..ထင်းရှုးတော မှောင်မှောင်မှာ

အမေအိုကိုတယောက်ထဲ ပစ်ထားခဲ့တဲ့

သားတစ်ယောက်ရဲ့ အကောင်းဆုံး အကြောင်းပြချက်များလား။

ဒါက အခမ်းနားဆုံး စုတ်ပြတ်နေတဲ့ ၂၀၁၀ဇာတ်ဝင်ခန်း..။

ခေတ်ကတောင်းဆိုနေတာ အမေတဲ့

သားကတော့ အမေ့ကို ဘယ်ခွဲချင်ပါ့မလဲ တဲ့…

ဒီလို တခုခုကိုတိမ်းရှောင် ချင်တဲ့သားမိုက်က..

အမေ့ကိုခြေစုံကန်ခဲ့တယ်ပဲ…ဆိုပါတော့။

သံသရာ ကိုဖြတ်ချလိုက်တာ မဟုတ်ဘူး

သံသယ ကိုမကျော်လွန်နိုင်တာ

ဒါဟာ ငါ့တနိုင်တပိုင် ဘ၀တခုစာအတွက်

ငါအရဲရင့်ဆုံးထွက်ဆိုလိုက်တဲ့

နှစ်ထောင့်တစ်ဆယ်ဖြောင့်ချက်တခုပါပဲ။

လောကမှာ…

ငါမယုံတာတွေသိပ်များတယ်။

အချစ်ဆိုတာကိုငါမယုံဘူး

အချစ်နဲ့ဘ၀ အဆက်အစပ်တွေကိုငါမယုံဘူး။

လူမှုရေးဗန်းပြထားတဲ့ စည်းရုံးမှုတွေကို ငါမယုံဘူး

ဘယ်ခေါင်းစဉ်တပ်ထားတဲ့ ဘယ်ပါတီကိုမှ ငါမယုံဘူး။

လွတ်လပ်စွာမယုံကြည်ခွင့် အပြည့်အ၀နဲ့

ဘုရားသခင် ကိုပါ..သံသယစာရင်းထဲထဲ့ထားတတ်တဲ့

ငါလို...အညတရကောင်မှာ

မကြိုက်တာတွေကလဲ သိပ်များတယ်။

အစားအသောက် အတုတွေကိုမကြိုက်ဘူး

အတွေးအခေါ်အတုတွေကိုမကြိုက်ဘူး

အချစ်အတု အမုန်းအတု အပြုံးအတု

လူအတု စိတ်အတု ခံစားချက်အတု

ကဗျာအတု ဘ၀အတု အနှစ်သာရအတု။

ဟူး……

ထားလိုက်ပါတော့။

အရေးမပါတဲ့ အတု အစုတ်ပလုတ်တွေ..။

နှစ်ထောင့်ဆယ့်နှစ်လား…

ကမ္ဘာပျက်မဲ့နေ့ကို တယောထိုးရင်းစောင့်ကြည့်ချင်တယ်

ဒီလို ခပ်ကြီးကြီး အတ္တတွေ ရွှေဘောင်ကွပ်ကြည့်တိုင်း

သက်ပြင်းမောတွေချခဲ့မိတာ…

ဒါနဲ့ပါဆို...အကြိမ်သုံးဆယ်။

ကိုယ်ပိုင်မိသားစု..

ကိုယ်ပိုင်လုပ်ငန်း..

ကိုယ်ပိုင်အိုးအိမ်..

ကိုယ်ပိုင် ဘဏ်စာရင်းနဲ့..

ကိုယ်ပိုင်ဘ၀တခု..

ဘယ်မှာလဲ..ဟုတ်လား..။

တစုံတယောက်နဲ့တောင် ကြိုးညှိရမှာပျင်းတတ်လွန်းတော့

အော်ခက်စထရာတွေနဲ့ဝေးနိုင်သမျှဝေး...ဝေး...။

လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးတာပဲ.. ဆိုလားဆိုရဲ့

ထုံထုံပေပေ ခေါင်းမာခဲ့တာ..

ဒီမှာ နှစ်သုံးဆယ်။

အမေကတော့…

“တံခွန်မရှိတဲ့ကုက္ကားတွေ” အကြောင်း ဆွေးနွေးလေ့ရှိတယ်

“မောင်တစ်ကျိပ်ပင်ရှိလင့်ကစား” ဆိုတဲ့ ရှေးအထောက်အထားတွေကို

ကိုးကားလား ကိုးကားရဲ့။

လက်ဖက်ရည်ဆိုင်နဲ့ ဘီယာဆိုင်တွေကို..

နောက်ကြောင်းအေးအေး ၀င်ထိုင်ချင်ရုံသက်သက်တော့

ဒီလိုနေတာ…ဘယ်ဟုတ်ပါ့မလဲ အမေ ရယ်...ဘာညာ…ပေါ့။

ကျနော့်ရဲ့ ပုဂ္ဂလိက ဆန်မှုသက်သက်တွေကိုဖွဲ့ဆိုဖို့

နာရီပေါင်း နှစ်သိန်းကျော် လောက်ရင်းခဲ့ရတာပါ။

ဆင်သွားရင် လမ်းဖြစ်တယ်ဆိုလို့

သစ်ပင်အကြီးကြီးတစ်ပင်...ဖြစ်ချင်ခဲ့တယ်

ငှက်တစ်သောင်းလုံးအတွက်။

ဒါတွေကို…

ဒီလိုတွေကို…

အစရှိသဖြင့်....ပေါင်းများစွာတွေကို...

အကြိမ် သုံးဆယ်တိတိ

(တစ်နည်းအားဖြင့်)

အနှစ်သုံးဆယ်လုံးလုံး

ကျနော်က…

(ဘာကောင်မှ မဟုတ်သော…)

သရ က..

(ပုလဲရတုမွေးနေ့အမှတ်တရ)

ပျော့စိပျော့ဖတ် ကဗျာတပုဒ်အဖြစ်
မဖြစ်ညစ်ကျယ်..ခင်းကျင်းပစ်ချလိုက်ပါတယ်။


Poem for my coming Birthday.
May all being be free from physical and mental sufferings.
With Metta,
vowel
(29Jl2010)

Sunday, July 25, 2010

ငါဟာရေသေအိုင်

"Mirror"

I am silver and exact.
I've no preconceptions
whatever I see I swallow immediately.
Just as it is, unmisted by love or dislike.
I'm not cruel,only truthful.
The eye of a little god, four-cornered.
Most of the time I meditate on the opposite wall.
It is pink, with speckles. I have looked at it so long.
I think it is a part of my heart. But it flickers.
Faces and darkness separate us over and over.
Now I'm a lake.
A woman bends over me,
Searching my reaches for what she really is.
Then she turns to those liars, the candles or the moon.
I see her back, and reflect it faithfully
She rewards me with tears and an agitation of hands
I'm important to hear her. She comes and goes.
Each morning it is her face that replaces the darkness.
In me she has drowned a young girl, and in me an old woman
Rises towards her day after day, like a terrible fish.

(Sylvia Plath)


စိတ်တွေလေးလံထိုင်းမှိုင်းနေတဲ့...မိုးအေးအေး..ဆန်းဒေးတစ်ရက်မှာတော့
ကဗျာတွေကို...အာသာငမ်းငမ်းရှာဖတ်နေခဲ့မိပါတယ်။

“ကဗျာကလည်း
ငှက်တစ်ကောင်လို ထပျံ မလိုလိုနဲ့
ရေစိုအစုတ်ပလုတ် ဦးထုပ်လို
ရေနှုးပျော့ဖတ် ပျင်းတိပျင်းရွဲ”...တဲ့

ဟုတ်တယ်။ဖတ်ရင်းဖတ်ရင်း..ခံစားမိတာက..ဇေယျာလင်းရဲ့အတွေးလိုပဲ..။
ပျင်းတိပျင်းရွဲတွေ..များလာတယ်။
အဟောင်းတွေထဲက ကောင်းတာလေးတွေပြန်ရှာဖတ်တယ်။
ပျင်းတိပျင်းရွဲကို များ ကျော်လွန်နိုင်မလားလို့ရယ်ပေါ့။
ကိုယ့်ရင်ကိုရိုက်ခတ်သိမ့်ကျန်စေခဲ့တဲ့...ကဗျာ အဟောင်းတွေအများကြီးနဲ့
ပျင်းတိပျင်းရွဲ တနင်္ဂနွေကို ဘယ်မှမသွားဘဲ ပျင်းတိပျင်းရွဲကုန်ဆုံးပစ်လိုက်တယ်။
စီလ်ဗီယာ ပလပ်သ့် ရဲ့..အဟောင်းလေးဆီ..ပြန်ရောက်ခဲ့တယ်။
ဒီစိတ်တွေကိုက..ဒီအရိပ်တွေကနေ..ပြေးမထွက်နိုင်တာလား...။
သံသရာ ကိုဖြတ်ချလိုက်တာမဟုတ်ပါဘူး..။
ကိုယ်တိုင်ကိုက....သံသယ ကိုမကျော်လွန်နိုင်တာ။
"Mirror" ကိုထပ်တလဲလဲ ပြန်ဖတ်တဲ့အခါတိုင်း...တစ်ခေါက်နဲ့တစ်ခေါက်
မတူတဲ့ ရသတွေကို...သူကပေးထားတာလား...
ကိုယ်က ရလိုက်တာလား...။
ဘာမှန်းမသိတော့...။
စိတ်တွေကိုက...ရေသေအိုင်ထဲက ငါးတစ်ကောင်လို။

with Metta,
vowel
(25Jl2010)









Friday, July 16, 2010

“ကျန်ရစ်ခဲ့သော မနက်ဖန်”


ဟိုးအဝေးကြီးဆီက အနာတရတွေ
ငါ့ရင်ထဲမှာ
ယုံကြည်သလို လွတ်ကျသွားဖူးတယ်။

သိပ်ကြီးကျယ်တဲ့
မင်းနဲ့ငါနဲ့ကြားက အထားအသိုတို့
အခုတော့ ရယ်စရာ ဖြစ်သွားပြီ။
ငါတို့ရဲ့ အမှုမဲ့ အမှတ်မဲ့ ကိစ္စများ
မင်းဆံပင်တွေဆီက ကာအို ရှန်ပူနံ့
ရှောင်မရခဲ့သော နောင်တအချို့
စနစ်တကျ မိုက်မဲမှု
ပြီးတော့..
တို့ရဲ့ နှုတ်ခမ်းချင်းတည့် သစ္စာ
ဘယ်လောက်ထိအောင် ခိုင်မြဲမှာလဲ။

မင်းရဲ့ဘဝ
ငါ့ရဲ့အဓိပ္ပါယ်
အားလုံးဟာအရှက်ကြီးတဲ့ နှင်းဆီတစ်ပွင့်လို
ကြွေခဲ့ပြီ။
“ရော့..ရှင့် ကဗျာတွေ !” တဲ့
ကြည့်လိုက်မိတဲ့ မင်းမျက်နှာက
ယမ်းငွေ့တွေနဲ့ အံ့သြစရာ ဖျားလောက်တယ်။

ငါက ဘ၀ကို
လမ်းသရဲစိတ်နဲ့ဖြတ်သန်းသူပါ။
ကိုယ့်စကားလုံးကို ကိုယ်
ရဲရဲဝံ့ဝံ့ ထွန်ယက်သူပါ
မာယာ အဟောင်းတွေကို
မုန်းတီးသူပါ
ငါ့အသိဥာဏ်ကတော့
မေ့ထားချင်တဲ့ မင်းအကြောင်းတွေပေါ့
စိတ်ထဲမှာလဲ
လူအထင်ကြီးစရာ ဓမ္မတွေနဲ့
သာမန်အမှန်တရားများ... ရယ်ရတယ်။

“ဘ၀အာမခံချက်....!”
ဟုတ်လား ?
ဒီလိုဆိုတော့ မင်းအကြောင်းက
ကလေးမဆန်လွန်းဘူးလား။
ဈေးကွက်စီးပွားရေးခေတ်ကြီးထဲ
ငါတို့ရဲ့ သံယောဇဉ်အကြွေးတွေက ရှုပ်လွန်းတယ်။

မှားချင်လည်းမှားမယ်
ငါသိတာက အတုဆိုတာမရှိရင်
အစစ်ဆိုတာလဲ မရှိဘူး။
ဒါပေမဲ့ ငါ့အချစ်ဟာ အတုလို့တော့
ဘယ်ဝန်ခံချင်ပါ့မလဲ။

မေတ္တာတရား..တဲ့ !
နောက်ကျခဲ့တဲ့ ခံစားမှုတွေဆီမှာ
မြင်လိုက်ရပြီ။
မြေကြီးပေါ်က
နာကျင်သွားသော အခိုးအငွေ့များအဖြစ်။

(ဝေမှုးသွင်)



တိတ်ဆိတ်တိုးညင်သွားသော ညနေခင်းများကို အလွမ်းသီချင်းများ..
ဘီယာသံဗူးများနှင့်ဒဏ်ရာရ ကဗျာများဖြင့် အသက်သွင်းဖို့ကြိုးစားနေသူ
တစ်ဦးသည် သူ့ရင်ထဲတွင် ဖန်ခွက်အလွတ်တလုံးသဖွယ်လွတ်ကျသွားခဲ့သော..
အိပ်မက်+စိတ်ကူး+ယုံကြည်ချက် တို့က သွေးချင်းချင်းထွက်ပြနေသောအခါ
ထိုအမှန်တရားတစ်ခုကို “ဝေမှုးသွင်” နှင့် အတူ..
နာနာကျင်ကျင် ရယ်သွမ်းသွေးမိလိုက်ပါသည်။

အချင်းချင်းအမျက်အအီတစ်စေ့မရှိ
ချစ်သောမျက်စေ့ဖြင့်ငြိမ်းအေးသာယာနိုင်ကြစေ။

သရ
(ဂျုလိုင်၁၆)


Thursday, July 15, 2010

ခေါင်းစဉ်မဲ့


ထိုနေ့က ပင်လယ်ပြင်တွင်..မိုးသက်လေပြင်းများသည်းထန်နေခဲ့သည်။

သူ တစ်ယောက်တည်း ပင်လယ်ဖက်လမ်းလျှောက်ထွက်လာရင်း
လှေလှော်ချင်စိတ်ပေါက်လာသဖြင့် အနီးတွင် အသင့်တွေ့နေသော လှေငယ်
တစင်းကို ကြိုးဖြည်ကာ..စတင်လှော်ခတ်ခဲ့ပါတော့သည်။
ကမ်းနှင့်ခပ်လှမ်းလှမ်းဆီထိသူရောက်လာတော့ မုန်တိုင်းကျလာသည်။
သူ့အခြေအနေကိုသူ ကောင်းကောင်းသိလိုက်ပြီ။
လှေကောင်းကောင်းမလှော်တတ်သော သူသည် ရူးသွပ်မှုတခုခုကြောင့်သာ
ပင်လယ်ပြင်ဆီလှေတစင်းနှင့်ထွက်ခဲ့ခြင်းဖြစ်ပေလိမ့်မည်။
ထိုရူးသွပ်မှုမှာ...သေခြင်းတရားနှင့် စီးချင်းထိုးရလောက်အောင်..
သွက်သွက်ခါနေမည့်အခြေအနေမျိုးများပေလား...သူမတွေးတတ်တော့။
ခု...သူတစ်ယောက်ထဲ ပင်လယ်ထဲရောက်နေသည်။လှေက မငြိမ်။ထိန်းနေသည့်ကြားမှ
တိမ်းမှောက်ခဲ့လေသည်။နီးစပ်ရာ ကျွန်းတခုဆီ အားတင်းကူးခတ်လာခဲ့လိုက်သည်။
ကမ်းခြေရောက်တော့ သူခြေကုန်လက်ပမ်းကျလေပြီ။

ဘာလုပ်ရမည်နည်း။ ကမ်းမမြင်လမ်းမမြင်သောပင်လယ်ပြင်ဆီ သူငေးရင်း...
အတိတ်နှင့်အနာဂတ်ကို ခေတ္တမေ့ထားလိုက်သည်။ ဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့..ခုဘာလုပ်မှာလဲ။
နောက်ဘာလုပ်လုပ်..ဘာဖြစ်ဖြစ်..ခုဘာလုပ်မှာလဲဟု..
သူ့ကိုယ်သူသေချာအောင်မေးနေမိသည်။
ပင်ပမ်းလာသောအရှိန်နှင့် ဆာလာသောဝမ်းဗိုက်ကိုနှိပ်ရင်း..သူတမှေးအိပ်ပျော်သွားသည်။

သူနိုးတော့..ပင်လယ်တွင်မိုးသက်မုန်တိုင်းငြိမ်သွားပြီ။ သူမဟုတ်သလို တည်ငြိမ်ရင့်ကျက်နေသော
ပင်လယ်ပြင်ဆီ..သူငေးငေးရီရီလှမ်းမျှော်ကြည့်လိုက်တော့ သင်္ဘော တစင်းဟု
ထင်ရသော မည်းမည်းအရာတခု..သူ့ဖက်ဆီဥိးတည်ရွေ့လာသလိုလို ..သူတွေ့လိုက်ရသည်။
သူဝမ်းသာပျော်ရွှင်သွားသည်။ အိုကေ..အဆင်ပြေပြီ။ သူတော်ကောင်း နတ်ကောင်းမတာပဲ
ဟု..သူ့ကိုယ်သူချီးမြှောက်လိုက်ကာ..ရေထဲဆင်းပီး ထိုအရာဆီ..သူစတင်ကူးခတ်
လိုက်တော့သည်။ ဘယ်လောက် အဝေးမှာလဲ...တော်တော်ဝေးသလား..
အို..ဘယ်လောက်ဝေးဝေး..ရှေ့မှာ..ကိုယ့်ကိုကယ်မဲ့ သင်္ဘောကြီးတစီးလုံးရှိနေတာပဲ။
ပင်လယ်ကူးသင်္ဘောကြီးနေမှာ...တော်တော်ကြိးမဲ့ပုံပဲ။ဒီ သင်္ဘောက ငါ့ကိုကယ်မှာ။
ဒီလူသူမရှိတဲ့ကျွန်းကနေလွတ်မြောက်ဖို့...ငါ့ကိုကယ်မဲ့သင်္ဘောကြီး။
ငါကူးမယ်..ငါကူးရမယ်။အားတင်းထား..ကူးမယ်...ရောက်အောင်သွားမယ်။
တော်တော်လှမ်းလှမ်းကူးခတ်မိတော့...သင်္ဘောက သိပ်မကြီးတော့..
ငယ်သွားသလိုလို။ဟာ..ဘာဖြစ်တာလဲ..အေးလေ..စောစောက အဝေးကနေဆိုတော့
ငါ အထင်အမြင်လွဲတာနေမှာပါ...ဘာဖြစ်လဲ ..ပင်လယ်ကူးသင်္ဘောမဟုတ်တော့လဲ
ငါးဖမ်းစက်လှေတစင်းစင်းဖြစ်နေနိုင်တာပဲ။ ငါ့ကိုကယ်မှာပေါ့။ ကူးမယ်...။ ဆက်ကူး..
ဆက်ကူး...။ ပိုနီးလာတော့..ပိုသေချာလာသည်။ငါးဖမ်းစက်လှေလဲမဟုတ်လောက်ပြန်။
လှေငယ်လေး တစင်းပဲဖြစ်မှာ...။အို...ဘာဖြစ်သေးလဲ...လှေငယ်လေးဆိုလဲ..
ငါ့ကိုတော့ တင်သွားနိုင်မှာပါ။ ဘာပဲဖြစ်ဖြစ်...ငါ ရောက်အောင်တော့ကူးရမယ်..။
သူလက်ကျန်အားတွေကို တစုတစည်းထဲ စိုက်ထုတ်ပြီး ဆက်ကူးလိုက်သည်။
တွေ့ပါပြီ။ ကမ်းခြေမှ..ပင်လယ်ကူးသင်္ဘောကြီးဟု သူထင်ခဲ့သော သူ့သင်္ဘောကြီးကို
သစ်ဆွေးတုံးကြီးတစ်တုံးအဖြစ် သူ့မျက်စိရှေ့တွင် မျက်ဝါးထင်ထင်တွေ့ရပြီဖြစ်သည်။
သူဘာလုပ်ရမည်နည်း။ သူပင်ပင်ပမ်းပမ်းကူးခတ်လာခဲ့မိသော ခရီးက မသေးလှ။
သူ့ကိုကယ်တင်မည့် သင်္ဘောတစ်စင်းဟု..သူဘာကြောင့် ထင်ခဲ့မိတာလဲ။
“အကွာအဝေး” သူ့စိတ်ကိုလှည့်စားခဲ့တာလား။
သူ့စိတ်ကိုက “အကွာအဝေး” ကိုလှည့်စားခဲ့ကြည့်မိတာလား။
အကွာအဝေးသည် လူ့စိတ်ကိုလှည့်စားတတ်ကြောင်း သူကောင်းကောင်းသိပါသည်။
သိသိကြီးနှင့် အလှည့်စားခံခဲ့ခြင်းသည်..ပင်လယ်ပြင်ကိုစထွက်လာကတည်းက
ရူးသွပ်နေသော..သူ့မိုက်မဲမှု..ရူးကြောင်ကြောင်နိုင်မှုများကြောင့်သာလျင်ဖြစ်ပေမည်။
သူဘာလုပ်ရမည်နည်း။ နောက်လှည့်ပြန်ကူးခတ်သွားလိုက်ရမှာလား...။
ရှေ့မှာက ကမ်းမမြင်လမ်းမမြင်ကျယ်ပြောလှသော ပင်လယ်ပြာကြီး က သူ့ကို
စိန်ခေါ်သလိုကြည့်နေသည်။
ပင်လယ်ကူးသင်္ဘောကြီးဟု သူထင်မိမှားခဲ့သော သစ်ဆွေးတုံးကြီးကိုဖက်ရင်း
သူဘာဆက်လုပ်ရမည်ကို..သူမဆုံးဖြတ်နိုင်တော့ချေ။
ဘ၀တွင် သူသည် သူတန်ဖိုးထားသောအရာများစွာကို ဆုံးရှုံးဖူးသည်။
ဆုံးရှုံးမှုတိုင်းတွင် ခိုင်လုံသောအကြောင်းတရားတို့ရှိနေတတ်သဖြင့်
သူဖြေတွေးလိုက်နိုင်သည်က များသည်။ ခုကော...ကဲ...ခုကော..ဘယ်လိုဖြေသိမ့်ရမလဲ။
ပင်လယ်ကူးသင်္ဘောတစ်စင်း လို့သူမှတ်ထင်ယုံကြည်ချင်နေသောစိတ်က...
သူ့ကို ပိုမိုရူးသွပ်စေခဲ့သည်။ထိုရူးသွပ်မှုများကြောင့်သူ ပိုမိုမိုက်မဲခဲ့သည်။
ထိုမိုက်မဲရူးသွပ်မှုများကို..အကွာအဝေးက အဆုံးအဖြတ်ဝင်ပေးသွားသောပွဲတွင်
သူ အနိုင်အရှုံးလက်မဲ့ဘ၀ဖြင့် ပင်လယ်ထဲတွင်ယောင်ချာချာကျန်နေရစ်သည်။
ဘာကို ယုံယုံကြည်ကြည်ဆက်မျှော်လင့်ထားရမှာလဲ။
ဘ၀ကို ဘယ်ခေါင်းစဉ်အောက်ထဲ ထိုးသွင်းထားကြည့်လိုက်ရမှာလဲ။
ပင်လယ်ပြာပြာကြိးထဲတွင် စကားလုံးအခွံသက်သက်သာကျန်ရစ်သော
ကဗျာအပိုင်းအစတွေက တစစီ..တစစီ...ခေါင်းစဉ်တွေမဲ့ကုန်သည်။
သူတန်ဖိုးထားခဲ့မိသော ပင်လယ်ကူးသင်္ဘော သည်လဲ..တစစီ..တစစီ။

မေခလာမရှိတော့သော အပြောကျယ်လှသည့်ပင်လယ်ထဲတွင်..ကဗျာတပုဒ်ကိုသာ
ဆားငန်ရေနှင့်ဆို့ဆို့နင့်နင့် မျောချလိုက်ရသည်။
ရှင်သန်ခြင်း၏ခေါင်းစဉ်မဲ့မှု တစ်ခုက စနစ်တကျပြင်ဆင်ထားခဲ့သလို
ပင်လယ်ထဲတွင်မှချိန်ကိုက်ဖြစ်လာရသည်။
သူချစ်သော ပင်လယ်ဓါးပြကြီးတစ်ဦး၏ ကဗျာ တပုဒ် တိုးတိုးညင်ညင်ရွတ်ဆိုရင်း
သေခြင်းတရားသည် မည်သို့သောခေါင်းစဉ်မျိုးဖြင့်သူ့ထံရောက်လာမည်လဲ
ဆိုသည်ကိုစိတ်ရှည်လက်ရှည်စောင့်နေလိုက်တော့သည်။ ။


“ခေါင်းစဉ်မဲ့”

ဘယ်လိုပျော်ရမလဲကွယ်
တစ်ယောက်နဲ့တစ်ယောက် ခေါ်သံတွေမှာ
ရန်ဓာတ်တွေ ပါလာခဲ့ပြီ။

ဘယ်လိုထိတွေ့ရမလဲကွယ်
ဘယ်လိုစီးဆင်းပေးရမလဲကွယ်
ငါ့မြစ်ကလေးကို ရပ်တန့်ပေးရတော့မလား။

နက်နက်တူးပြီး
စိပ်စိပ် စိုက်ခဲ့ပါတယ်
ရိတ်သိမ်းစရာကောက်ပဲသီးနှံမရှိတော့ပါ။

ရပ်တည်ချက် မှန်ကန်ခဲ့ပါတယ်
အပေးအယူ အပြန်အလှန်တွေ
မရရှိခဲ့ပါ။

ဖွဲ့စည်းပုံပျက်သွားခဲ့ပါပြီ
မနက်က ငှက်မြည်သံလေးမှာ
အခါတိုင်း အခါတိုင်း လို
သဟဇာတ တွေမပါတော့ပါ။

ဆောင်းဆိုလဲဆောင်းပေါ့
မိုးဆိုလဲမိုးပေါ့
နွေဆိုလဲနွေပေါ့
ခုတော့
ဒေါင်းလဲမဟုတ်
စာကလေးလဲမဟုတ်
ရုတ်ချည်းရုတ်ချည်းတွေ ညှိုးငယ်ပေးရ
ထိကရုန်းပင်လေး ဖြစ်ခဲ့ရပါပြီ။

ထိကရုန်းပင်လေးမှာ
အသည်းတွေ ကြီးခဲ့ရပါပြီ
မောင့်“ဂုစတီနာ” ရယ်။

(မောင်ချောနွယ်)


( စာမရေးတာကြာနေပြီဖြစ်သော vowel သည် ထိုသာမန်ထက်ပိုမိုတိတ်ဆိတ်သော
ညနေခင်းတစ်ခုတွင် လေးဖြူ၏ “လေလွင့်သူ” ကို မောင်ချောနွယ်၏ “ခေါင်းစဉ်မဲ့” ဖြင့်
တနစ်တကျဖျော်စပ်သောက်သုံးမူးယစ် ခဲ့ပီး အထက်ပါ ပင်လယ်ကူးသင်္ဘော တစင်းနှင့်
သူ၏ခံစားမှု အပိုင်းအစများကို အဆီအငေါ်မတည့်စွာခံစား တင်ပြမိပါသည်။)


အချင်းချင်း အမျက်အအီတစ်စေ့မရှိ
ချစ်သောမျက်စေ့ဖြင့် ခေါင်းစဉ်မဲ့နိုင်ကြစေ။

With Metta,
VOWEL
(15Jl10)



Friday, July 9, 2010

MIGRATION


MIGRATION

ထွန်ရေးနက်နက်ထွန်ခဲ့ပေမဲ့
မိုးခေါင်တာနဲ့ကြုံခဲ့ရ။
ကန်သင်းကောင်းကောင်းနဲ့ဆည်ခဲ့ပေမဲ့
တာကျိုးတာနဲ့ကြုံခဲ့ရ။
တကိုယ်ရေတကာယ..အူမတောင့်ရုံလောက်တော့
ဘယ်သူ…ကျွန်ထွက်ခံပါ့မလဲ…..။။။

သရ