ကျောင်းမှာမသင်တဲ့စာတွေ ငါ..အိမ်မှာကျက်ရတဲ့အခါ စိတ်လိုလက်ရ ခမ်းနားခွင့်ရတဲ့ရက်တွေမှာ

Friday, April 2, 2010

ပျင်းလို့ရေးတဲ့ကဗျာ

“ပျင်းလို့ရေးတဲ့ကဗျာ”

အဓိပ္မါယ်ကို သိချင်လို့ပဲ
အဓိပ္မါယ် တွေနောက်တကောက်ကောက်လိုက်ခဲ့တယ်
အဓိပ္မါယ် တွေကလဲ များပဲများနိုင်လွန်းတယ်။
သမရိုးကျကို လွန်ဆန်ချင်တယ်...
လက်တွေ့ကျကျ ဘ၀တခုကိုတည်ဆောက်ချင်တယ်..
ကဲ ဘယ်မလဲ...
ချစ်ခြင်းမေတ္တာ-နားလည်မှု-ကိုယ်ကျင့်တရား
တခုခုပေးမှ..တခုခုပြန်ရတယ် ဆိုတော့
လောက...ကိုက အပေးအယူဆန်လွန်းတယ်။
ဒါ..ငါ..အတ္တကြီးတာ...တဲ့
ဒါ..ငါ..မှားနေတာ...တဲ့
ဒါ...ငါ...အယူလွဲနေတာ...တဲ့
သွားစမ်းပါ..သွားကြစမ်းပါကွ
ဒီလမ်းကြီးက မှန်တယ်လို့ မင်းတို့ထင်သလို...
ဒီလမ်းကြီးက မှားတယ်လို့ ငါကထင်ပါတယ်။
ကဲ...ဘယ်နှယ့်ရှိစလေ။
ပြောမှာပေါ့...ငါ့ကိ
ဘုန်းကြီးတစ္ဆေလို့...
အယူတိမ်းလို့ နတ်စိမ်းဖြစ်မဲ့ကောင်..လို့
ဘယ်လိုချွတ်ချွတ်မကျွတ်တော့ပါဘူး...လို့..
အမလေး....
အချစ်အတွက်များ...ငါက
သာမန်သမရိုးကျအားလုံးကို...လက်ခံရဦးမတဲ့...
ပျင်းလိုက်တာ..။

သရ(၁၂-၂-၂၀၁၀)

သူစိမ်းဆန်သွားတဲ့ကဗျာ

"သူစိမ်းဆန်သွားတဲ့ကဗျာ"

တစုံတယောက်က..'လက်မခံဘူး'..ဆိုလို့
ရပ်တန့်ထားရတဲ့..ရေးလက်စ.........ကဗျာ..
အမှန်တရားတခုက..သံသယနဲ့..ရိုက်ချခံခဲ့ရတယ်
'ငါဆက်လျှောက်ရင်..သူထိခိုက်မယ်'...ဆိုတဲ့စေတနာလေးကိုတောင်
ရယ်သွမ်းသွေးပစ်ရက်သူတွေဆီမှာ
ဘာသံယောဇဉ်မှမရှိတာ...မဆန်းပါဘူး။
ရပ်တည်ချက်ကိုမှမပြောင်းရင်
အထီးကျန်ဆန်မှုကိုလက်ခံရမယ်
သိသိကြီးနဲ့..လက်ခံပေးခဲ့ရသမျှအားလုံးမှာ
'ခင်ဗျားတို့မတရားဘူး'...ဆိုတာချည်းပဲ။
'ပန်းကလေးကိုနမ်းချင်ရင်...ဥယျာဉ်မှုးတော့ကြည့်ရမယ်'...တဲ့။
ဟာသဆန်လိုက်တာ....။
'It's too funny !!!' ...ပဲ
ဒီလိုပဲရုန်းကန်နေကြရဦးမယ်ဆိုရင်...
တယောက်ထဲလမ်းလျှောက်ထွက်ရတာပိုကောင်းမှာပါလေ..
တကယ်တော့....
စိတ်ကူးထားတဲ့...အကိုင်းဖျားမှာ
ငှက်ကလေးကလဲ....မနားခဲ့ပါဘူး။။။

သရ(၂၀၀၉)

The Play

“The Play”

ဆောင်ရန်ရှောင်ရန်….လမ်းမများ

အလွတ်ရွတ်ဆိုခဲ့ရသော ….ဒုက္ခတရားများ

မကြာမကြာမေ့လျော့ခဲ့သော…..ဘတ်စ်ကားနံပါတ်များ

သဲဖြင့်အတိပြီးသောကျနော့်ဘ၀…setting....

စိတ်တိုင်းကျတင်ဆက်ခွင့်

ဖြစ်သလိုတော့မကနိုင်ဘူး

ဆိုလက်စသီချင်းမရပ်ဖို့က အဓိက

အဓိက….က….အဓိက

ဘ၀..ကစားပွဲစတင်မယ်

ဖိုက်-ဖိုး-သရီး-တူး-၀မ်း။ ။ ။


သရ
(နယ်ကနေရန်ကုန်ရွှေမြို့တော်ကြီးကိုရောက်စက..ရေးဖြစ်ခဲ့တဲ့ကဗျာဟောင်းလေးတပုဒ်ပါ။အဲဒီတုန်းကတော့...ဘ၀ဆိုတာ ဘာညာဘာညာ..ပေါ့။ နောက်ကျတော့လဲ....ဘ၀ဆိုတာ..ဘာညာဘာညာ ပါပဲလေ။)