ကျောင်းမှာမသင်တဲ့စာတွေ ငါ..အိမ်မှာကျက်ရတဲ့အခါ စိတ်လိုလက်ရ ခမ်းနားခွင့်ရတဲ့ရက်တွေမှာ

Friday, April 2, 2010

ပျင်းလို့ရေးတဲ့ကဗျာ

“ပျင်းလို့ရေးတဲ့ကဗျာ”

အဓိပ္မါယ်ကို သိချင်လို့ပဲ
အဓိပ္မါယ် တွေနောက်တကောက်ကောက်လိုက်ခဲ့တယ်
အဓိပ္မါယ် တွေကလဲ များပဲများနိုင်လွန်းတယ်။
သမရိုးကျကို လွန်ဆန်ချင်တယ်...
လက်တွေ့ကျကျ ဘ၀တခုကိုတည်ဆောက်ချင်တယ်..
ကဲ ဘယ်မလဲ...
ချစ်ခြင်းမေတ္တာ-နားလည်မှု-ကိုယ်ကျင့်တရား
တခုခုပေးမှ..တခုခုပြန်ရတယ် ဆိုတော့
လောက...ကိုက အပေးအယူဆန်လွန်းတယ်။
ဒါ..ငါ..အတ္တကြီးတာ...တဲ့
ဒါ..ငါ..မှားနေတာ...တဲ့
ဒါ...ငါ...အယူလွဲနေတာ...တဲ့
သွားစမ်းပါ..သွားကြစမ်းပါကွ
ဒီလမ်းကြီးက မှန်တယ်လို့ မင်းတို့ထင်သလို...
ဒီလမ်းကြီးက မှားတယ်လို့ ငါကထင်ပါတယ်။
ကဲ...ဘယ်နှယ့်ရှိစလေ။
ပြောမှာပေါ့...ငါ့ကိ
ဘုန်းကြီးတစ္ဆေလို့...
အယူတိမ်းလို့ နတ်စိမ်းဖြစ်မဲ့ကောင်..လို့
ဘယ်လိုချွတ်ချွတ်မကျွတ်တော့ပါဘူး...လို့..
အမလေး....
အချစ်အတွက်များ...ငါက
သာမန်သမရိုးကျအားလုံးကို...လက်ခံရဦးမတဲ့...
ပျင်းလိုက်တာ..။

သရ(၁၂-၂-၂၀၁၀)

No comments:

Post a Comment

ဝေဖန်လေကန်ကြမယ်..လာ။