ကျောင်းမှာမသင်တဲ့စာတွေ ငါ..အိမ်မှာကျက်ရတဲ့အခါ စိတ်လိုလက်ရ ခမ်းနားခွင့်ရတဲ့ရက်တွေမှာ

Monday, August 9, 2010

A Nice Day with Dendrobium

ခုတလောတော့...“သဘာဝပတ်ဝန်းကျင်”ဆိုတဲ့ခေါင်းစဉ်ကို..တော်တော်လေး
စိတ်ပါဝင်စားမိနေပါတယ်။ လူ-လူ့စိတ်သဘာဝ နဲ့ သဘာဝပတ်ဝန်းကျင်တို့ရဲ့
ဆက်စပ်ပေါင်းစည်းမှုတွေအကြောင်း တခုတ်တရတွေးတောစဉ်းစားမိတဲ့
ရှားပါးနေ့စွဲတွေပါပဲ။
လူ့စိတ်သဘာဝဟာ..ပတ်ဝန်းကျင်သဘာဝတွေကြောင့်..အနည်းနဲ့အများ..
ကောင်းတဲ့ဖက်..ဆိုးတဲ့ဖက်..ပြောင်းလဲပြုပြင်ခြင်းခံရတာကို..ကျနော်ကိုယ်တိုင်
ခံစားမိတဲ့တစ်နေ့မှာ...Orchard ဖက်က Botanic Garden ဆီ ကင်မရာတစ်လုံး
နဲ့ထွက်ခဲ့ပါတယ်။ အဲထဲမှာမှ..သီးသန့်ဝင်ကြေးနဲ့ထပ်ဝင်ရတဲ့..Orchid Garden
ထဲရောက်ဖြစ်ခဲ့တယ်။
သစ်ခွဟာ..ကျနော့်ငယ်ဘ၀ထဲကတည်းက..ကျနော့်ဘ၀ထဲကို
အစောဆုံးဝင်လာတဲ့ဂန္တ၀င်အမြောက်ဆုံးပန်း ဖြစ်တယ်။
ကျနော်သစ်ခွကိုချစ်တယ်...။ဒါဟာ..ဖေဖေ့ဆီက..ရခဲ့တဲ့ အမွေလဲဖြစ်တယ်။
ကိုယ်ပိုင်သစ်ခွဥယျာဉ်လေးတစ်ခု..ကျနော့်ဘ၀ထဲမှာ..အတည်တကျရှိခဲ့ဖူးတယ်။
အေးမြတဲ့ရာသီဥတုရှိတဲ့ ကျနော့်ကျေးလက်ကမြို့လေးမှာ...ကျနော့်သစ်ခွတွေကို
ကျနော်ဆယ်တန်းအောင်တဲ့နှစ်မှာ..အပီးအပိုင်စွန့်ပစ်ခွဲခွာခဲ့ရတယ်...။
အဲဒီကတည်းက..ကျနော်..သစ်ခွတွေနဲ့ဝေးခဲ့တာ...။
ဒါပေမဲ့..ဘယ်နေရာဘယ်ဒေသရောက်ရောက်...သစ်ခွလှလှတွေတွေ့တိုင်း
ဓာတ်ပုံရိုက်ယူချင်တာ...ငေးငေးမောမောထိုင်ကြည့်နေချင်တာတွေကတော့
သစ်ခွနဲ့ပတ်သက်တဲ့..ကျနော့်အစွဲအလမ်းတွေပဲဖြစ်မယ်ထင်ပါတယ်။
ကျနော်..သစ်ခွပန်းတွေကို...ချစ်တယ်။
ဒါသိပ်ကိုသေချာပါတယ်။
ဒီပို့စ်လေးကတော့...သူများတကာတွေလို..“သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေး”နဲ့သက်ဆိုင်တဲ့..ပို့စ်မျိုးမဟုတ်ပါဘူး။
နောက်တခုဝန်ခံချင်တာက..ကျနော်ဟာ..သစ်ခွတွေကိုချစ်တာကလွဲပီး..
သစ်ခွအကြောင်းနကန်းတစ်လုံးမှ..နားမလည်သေးတဲ့...နားလည်ဖို့ကြိုးစား
အားထုတ်ဆဲလေ့လာသူတစ်ဥိးအဆင့် ဖြစ်လို့..ဒီပို့စ်မှာ...ပန်းတွေကို..ပန်းတွေ
သက်သက်ပဲတင်ပြလိုက်နိုင်ပါတယ်။
ဖြစ်သင့်တာနဲ့..ဖြစ်ချင်တာကတော့...သစ်ခွတစ်မျိုးခြင်းစီအကြောင်းကို
အသေးစိတ်လေ့လာပြီး...စာဖတ်သူတွေအတွက်..ဗဟုသုတဝေေ၀ဆာဆာနဲ့
တင်ပြလိုက်တာမျိုး...။
တကယ့်တကယ်မှာတော့..ကျနော်က...“ချစ်သူလား..စကားတပွင့်ပွင့်
ခဲ့တယ်” ဆိုတဲ့ ဂျူးလို..စကားပန်းတွေအကြောင်း ရုက္ခဗေဒပညာရှင်တစ်ယောက်
လို လေ့လာတင်ပြချက်တွေကို..အားကျဆဲ အဆင့်မှာပဲရှိသေးတဲ့...
Dendrobium ချစ်သူတစ်ယောက်သက်သက်ပါ။
တစ်နေ့နေ့ တစ်ချိန်ချိန်တော့...စိတ်ကူးထားတဲ့ကိုင်းဖျားပေါ်မှာ
သစ်ခွမျိုးစိတ်ပေါင်းများစွာကို...လှလှပပစီစီရီရီ စိုက်ပျိုးချိတ်ဆွဲပြနိုင်လိမ့်မယ်
လို့..မျှော်လင့်ရင်းပေါ့လေ။
ကျနော်ကျောင်းတုန်းကရောက်ဖြစ်ခဲ့တဲ့ နန်းရှေ့က သစ်ခွခြံတွေ...
ကျနော်တို့ဒေသ..အင်းလေးကန်ထဲက သစ်ခွခြံတစ်ခြံ...
အဲဒီက..သစ်ခွတွေကို...ဒီကသစ်ခွတွေကြည့်ရင်း.အမှတ်ရရင်း..
သစ်ခွပန်းတွေနဲ့ နေရတဲ့ တစ်နေ့တာဟာ..ဘ၀မှာ..ကြည်နှုးချမ်းမြေ့စရာ
တစ်ခုခုကိုထပ်ရှာဖွေတွေ့ရှိခဲ့တဲ့..နေ့သစ်တစ်ခုပါပဲ။



ဒါကတော့သစ်ခွ မဟုတ်ဘူးဗျ။ ဘာခေါ်မှန်းလဲ ကျနော်မသိဘူး။
ချစ်စရာတော့တော်တော်ကောင်းတယ်။

သူကတော့...ဖွေးဖွေးဆွတ်နေတော့။ပုံစံကိုက..ဖြူဖြူစင်စင်တည်တည်ငြိမ်ငြိမ်။

သူ့ကျတော့တစ်မျိုး...အ၀ါဖက်ပိုလုတယ်ပြောရမယ်..ကာလာမက်ခ်ျသက်သက်ဆိုရင်
သူ့ပုံစံက...သန့်တယ်။

ဒီသစ်ခွမျိုးကတော့..ကျနော်တို့ဆီ ပေါတယ်ပြောရမယ်ဗျ။

သူ့ပုံစံက သွယ်သွယ်လျလျ ရှိတယ်။

သူ့ပွင့်ချပ်တွေက..၀ိုင်းဝိုင်းစက်စက်လေးဆိုတော့...ပိုချစ်ဖို့ကောင်းတယ်။




သူ့ကိုမြင်တော့ ဆယ်တန်းဘိုင်အိုစာတွေသွားသတိရတယ်။Pitcher ဆိုတာထင်ပါတယ်။
အဖုံးလေးနဲ့လိုပဲ...။ပုံစံကိုက..ဘာလာလာ ဆွဲမယ်ဟေ့။

ခရမ်းပွင့်သေးသေးလေးတွေဗျ..။အရိုးတံလေးတွေကပျော့တော့...သံချောင်းလေး
တွေနဲ့ထောက်ထားတယ်...။

ဒီပုံစံမျိုးတွေကတော့..ပွဲတက်ဖို့..အမျိုးသမီးတွေဆံထုံးမှာနေရာယူနေကျ
ဒီဇိုင်းမျိုးထဲက..။

သူလဲ...Pitcher ..လိုပဲ။နွယ်ပင်မျိုး။

သူ့ကိုတော့ ကျနော် အကြွေဆုံးပဲ..စဉ့်အိုးကြီးကိုစောင်းပီးထဲ့ထားတယ်။
သူကပုံစံရော..ကာလာရော...သားနားတယ်...ပြောရမယ်။




အရွက်ကတော့ ငှက်ပျောရွက်တွေလိုပဲဗျ..ငှက်ပျောဖူးလေးလိုပါပဲ။



အရောင်က..စိုအိနေတော့..သူလဲတမျိုးလေး လှတာပဲ။



သူလဲ အရိုးပျော့မျိုးမို့ သံချောင်းကူထားရတယ်...ကလစ်ကလေးတွေနဲ့
တွဲလို့...။ဒါလဲ တမျိုးလေးလှပြန်ရော။

ကျနော်တို့ဆီမှာတော့..ဒန်းစင်းလေဒီ ဆိုလားခေါ်တာပဲဗျ...။ တော်တော်များများ
သစ်ခွစိုက်တဲ့အိမ်တွေမှာ..တွေ့ရတတ်ပါတယ်။







အနီရောင်စိုစိုအိအိ...နှင်းဆီတွေလိုပဲ...ရဲရဲရင့်ရင့်ရှိနေပုံက...။





ဒီပန်းတွေတော့အများကြီးတွေ့ခဲ့တယ်...။













သူ့အပွင့်ကတော့ တော်တော်ကြီးတာ...မမတွေပန်မယ်ဆိုရင်တော့
တစ်ခေါင်းလုံးပြည့်သွားနိုင်တယ်။









ကျနော်ပြောခဲ့သလိုပါပဲ။
အားရပါးရမရှိပါဘူးဗျာ။
ဓာတ်ပုံပညာ ကင်မရာ အလင်းအမှောင်
အယူအဆ ဘာမှမပါတဲ့အတွက်...ပန်းတွေရဲ့ နဂို အလှကိုပေါ်လွင်အောင်..
ကျနော် မရိုက်နိုင်ခဲ့ပါဘူး။
သစ်ခွတွေကို..ချစ်တဲ့စိတ်တခုထဲသက်သက်ရယ်ပါ....လို့။

အားလုံးချမ်းမြေ့သာယာပါစေ။
မေတ္တာဖြင့်
သရ
(၉သြဂုတ်၂၀၁၀)

Thursday, August 5, 2010

"Climbing Days"

စာမဖတ်ဖြစ်တဲ့ ရက်စွဲတွေဟာ..စိတ်တွေအညောင်းမိတဲ့နေ့တွေပါပဲ။

“သရ” တစ်ယောက်တော့..ခုတလော..စာမဖတ်ပါဘူး။

အင်္ဂလိပ်စာလေ့ကျင့်ခန်းတွေ...တရုတ်စာလေ့ကျင့်ခန်းတွေ...

အားလုံးနဲ့ ကင်းကင်းရှင်းရှင်းနေနေလိုက်တော့..စိတ်လက်ပေါ့ပါးနေလား..

ဆိုတော့လဲ..ကိုယ်မေးတဲ့မေးခွန်း ကိုယ်မဖြေနိုင်တဲ့လူလိုပါပဲ။

ဘာတွေလုပ်နေလဲမေးရင်...ဘ၀အကြောင်းတွေးနေတယ်...ဆိုတော့..

အဖြေက..ပြက်လုံးဆန်နေပြန်ပါတယ်။

ဘယ်စိတ်အခြေအနေမှာမဆို...ဘုရားရှိခိုးတာနဲ့သီချင်းနားထောင်တာကိုတော့

မပျက်မကွက်လုပ်ဖြစ်ပါတယ်။ဒီနေ့တော့...မနှစ်က..ရန်ကုန်မှာ...

ဖုန်း ring tone ထည့်ချင်လို့...စိတ်ရှည်လက်ရှည်ဒေါင်း ခဲ့ရတဲ့

Miley Cyrus ရဲ့...သီချင်းလေးပြန်နားထောင်ဖြစ်ပါတယ်။

သူ့အသံသြရှရှလေးက...ဘာမှအပြောင်းအလဲမရှိ။

နားထောင်တဲ့ ကျနော့်စိတ်နားအစုံကတော့..မနှစ်ကနဲ့..ဒီနှစ်...

အများကြီးကိုကွာဟ..သွားပါတယ်...။မနှစ်က ကျနော်ဟာ...ခက်ခဲတဲ့တောင်တွေ

ကို..ခဲရာခဲဆစ်တက်လှမ်းနေခဲ့ပေမဲ့..ဘ၀ကို..ဒီနှစ်ထက်..ပိုကျေနပ်နေနိုင်ခဲ့တယ်

လို့..ဒီနှစ်ဒီချိန်ကျတော့..ဒီလို..ခံစားမိလာတယ်။

ဘယ်နှစ်ကြိမ်မှန်းမသိတဲ့သက်ပြင်းမောတွေကို...

မီလေး...အသံသြရှရှတွေနဲ့အတူ..မှုတ်ထုတ်လိုက်မိပြန်ပါတယ်။

ခုတလော ရေပန်းစားနေတဲ့ ကျနော့် ဗန်းစကားအတိုင်းပါပဲ။

ဘ၀ဆိုတာ...“ဒီလိုပါပဲ”။ မရမက ကုပ်ကတ်တွယ်တက်လိုက်တယ်။

တောင်ပေါ်ရောက်တော့လဲ..ဘ၀ဆိုတာ..ဒီလိုပါပဲ။တောင်အောက်ပြန်ဆင်းမလား။

နောက်တောင်တစ်လုံးထပ်တက်မလား...ဒီရောက်နေတဲ့နေရာမှာ..ခဏ

ရပ်နားမလား..။ဒီတိုင်း..အားမပါဘဲ..ပေပေတေတေဆက်သွားမလား။

အားဖြည့်ပီး..ရှေ့ခရီးတွေဆက်ကြမလား။ ဘ၀ဆိုတာ..ဒီလိုပါပဲ..ဆိုတဲ့

ဘာမှန်းမရေရာတဲ့ အဖြေမျိုးနဲ့ကတော့..အင်း..ရှေ့က..တောင်တွေ..

ဘယ်လိုဆက်တက်ကြမလဲ...။

ဒီလိုကျနော့် climbing days တွေအကြောင်း..

ဒီလိုပျင်းနေတဲ့ညနေမှာ...သီချင်းတစ်ပုဒ်နဲ့မျှောလွင့်မိသလောက်ပါ။

May all be happy and serene.

with Metta,

vowel

(2010Aug4)


"The Climb"

I can almost see it

That dream I am dreaming

But there's a voice inside my head saying

"You'll never reach it"

(ငါ မက်နေတဲ့ အိပ်မက်ကို
ငါ မြင်ရလုနီးနီးပဲ
ဒါပေမယ့် ငါ့ခေါင်းထဲမှာ အသံတစ်ခု
"အဲ့ဒီကို မင်းရောက်နိုင်မှာ မဟုတ်ဘူး"တဲ့။)


Every step I'm taking
Every move I make feels
Lost with no direction
My faith is shaking

(ငါ လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းမှာ
ငါ ခံစားလိုက်တဲ့ အရွေ့တိုင်းမှာ
ဦးတည်ရာမဲ့ ပျောက်ဆုံးလို့
ငါ့ယုံကြည်ချက် တုန်ရီလို့။)


But I gotta keep trying
Gotta keep my head held high

(ဒါပေမယ့် ငါ ကြိုးစားရမယ်
ငါ့ခေါင်းကို မတ်မတ် မော့ထားရမယ်။)


There's always gonna be another mountain
I'm always gonna wanna made it move
Always gonna be a uphill battle
Sometimes I'm gonna have to lose

(တစ်ခြားတောင်တစ်လုံး အမြဲရှိနေမယ်
အဲ့ဒီတောင်ကို ငါ အမြဲ တွန်းရွှေ့နေမယ်
ရင်ဆိုင်တိုက်ပွဲ အမြဲ ရှိနေမယ်
တစ်ခါတစ်ခါ ငါ ရှုံးရအုံးမယ်။)


Ain't about how fast I get there
Ain't about what's waiting on the other side
It's the climb

(အဲ့ဒီကို ဘယ်လောက်မြန်မြန် ရောက်ဖို့ အရေးမဟုတ်
ဟိုတစ်ဘက်မှာ ဘာဆက်ရှိနေသေးတယ်ဆိုတာ အရေးမဟုတ်
ဒါဟာ တွယ်တက်ခြင်းပါပဲ။)


The struggles I'm facing
The chances I'm taking
Sometimes might knock me down
But no, I'm not breaking

(ငါ ရင်ဆိုင်ရတဲ့ ရုန်းကန်ခြင်းတွေ
ငါ ရလိုက်တဲ့ အခွင့်အလမ်းတွေ
တစ်ခါတစ်ခါ ငါ့ကို ထိုးခွဲလိုက်နိုင်တယ်
ဒါပေမယ့် ငါ မွမွကြေမသွားဘူး။)


I may not know it
But these are the moments that
I'm gonna remember most, yeah
Just gotta keep going

(အဲ့ဒီအကြောင်း ငါ သိချင်မှသိမယ်
ဒါတွေဟာ ငါအများဆုံး သတိရနေမယ့်
အခိုက်အတန့်တွေပေါ့ အာ့ဟား
ဆက်သာ သွားနေမယ်။)


And I, I got to be strong
Just keep pushing on

(နောက်ပြီး ငါ၊ ငါ မာဖို့လိုတယ်
တွန်းတွန်းတိုက်တိုက် ရှိနေရုံပဲ။)


'Cause there's always gonna be another mountain
I'm always gonna wanna make it move
Always gonna be a uphill battle
Sometimes I'm gonna have to lose

(တစ်ခြားတောင်တစ်လုံး အမြဲရှိနေမှာမို့ပေါ့
အဲ့ဒီတောင်ကို ငါ အမြဲ တွန်းရွှေ့နေမယ်
ရင်ဆိုင်တိုက်ပွဲ အမြဲ ရှိနေမယ်
တစ်ခါတစ်ခါ ငါ ရှုံးရအုံးမယ်။)


Ain't about how fast I get there
Ain't about what's waiting on the other side
It's the climb, yeah!

(အဲ့ဒီကို ဘယ်လောက်မြန်မြန် ရောက်ဖို့ အရေးမဟုတ်
ဟိုတစ်ဘက်မှာ ဘာဆက်ရှိနေသေးတယ်ဆိုတာ အရေးမဟုတ်
ဒါဟာ တွယ်တက်ခြင်းပါပဲ ....ရား။)


There's always gonna be another mountain
I'm always gonna wanna make it move
Always gonna be an uphill battle
Somebody's gonna have to lose

(တစ်ခြားတောင်တစ်လုံး အမြဲရှိနေမယ်
အဲ့ဒီတောင်ကို ငါ အမြဲ တွန်းရွှေ့နေမယ်
ရင်ဆိုင်တိုက်ပွဲ အမြဲ ရှိနေမယ်
တစ်ခါတစ်ခါ ငါ ရှုံးရအုံးမယ်။)


Ain't about how fast I get there
Ain't about what's waiting on the other side
It's the climb, yeah!

(အဲ့ဒီကို ဘယ်လောက်မြန်မြန် ရောက်ဖို့ အရေးမဟုတ်
ဟိုတစ်ဘက်မှာ ဘာဆက်ရှိနေသေးတယ်ဆိုတာ အရေးမဟုတ်
ဒါဟာ တွယ်တက်ခြင်းပါပဲ ...ရား။)


Keep on moving, keep climbing
Keep the faith, baby
It's all about, it's all about the climb
Keep the faith, keep your faith, whoa

(ဆက်ရွေ့  ဆက်တက်
ခလေးရေ ယုံကြည်ထား
ဒါပါပဲ တွယ်တက်ခြင်းအကြောင်း ဒါ အကုန်ပါပဲ
ယုံကြည်ထား မင်းလေး ယုံကြည်ထား ...၀ိုး။)