Saturday, May 8, 2010
“ပြန်ထွက်သွားတဲ့ကဗျာ”
(၁)
မဟာဇနက္က သင်္ဘောပျက်တာ
ဘယ်ပင်လယ်မှာလဲ ကွယ်
စိတ်နဲ့သွားတဲ့လမ်းပေါ်မှာ
မေခလာနဲ့လဲ...မဆုံခဲ့။
(၂)
သံယောဇဉ်...
တချို့တ၀က်ကို...လမ်းခင်းကျောက်အဖြစ်သုံးကြ
တချို့တ၀က်ကို...ကျဆိမ့်တခွက်ထဲ ထည့်ဖျော်သောက်ကြ
တချို့တ၀က်ကို...ငရဲသွားလက်မှတ်ဖြတ်လိုက်ကြ
လာ....
ပျော်ပျော်ရွှင်ရွှင်..တက်တက်ကြွကြွ
ဘယ်သူ့မျက်လှည့်ကြောင့်မှ
ကိုယ့်ဇာတ်မနာစေရ။
(၃)
နိစ္စဓူဝ...ပွဲစဉ်တွေ
အမြဲလွတ်လွတ်ကျွတ်ကျွတ်အသွင်းခံခဲ့ရ...ဂိုးတွေ
စနစ်တကျ ကန်ခဲ့ရက်နဲ့များ....
အချစ်က...
တိုင်ထိပီး...ပြန် ပြန်ထွက်သွားတာချည်း။
(၄)
နောက်ဆုံးတော့
အဲဒီကတိမ်းကပါး တွေက
ဘ၀ကို “ခွချက်” တည်ထားလို့
ငါ့ဘုရင်မ ကို ထိုးကျွေးလိုက်ရတယ်။
(၅)
ကဲ...
ပွဲပီးရင်...
ဂငယ်ကွေ့ ကွေ့ပြန်မယ်
ကိုယ့် tempo ကို...ကိုယ်ထိန်းမယ်
ရေအေးအေး တစ်ခွက်လောက် သောက်မယ်
စိတ်အေးအေး တစ်ပတ်လောက် ထားမယ်
ဒီလိုပဲ...(ဒူးလေးနန့်ပီး...)
ကဗျာတွေဖတ်မယ်။
ဝါးတားဖော်လို...ဖစ်ခ်ျဖောလို
ဘ၀ကတော့...အဲ့သလို။ ။ ။
သရ
(၈ မေ ၂၀၁၀)
Subscribe to:
Post Comments (Atom)
အားနာပါးနာနဲ့ ပြောလိုက်ပါရဲ့ဗျာ... ... ဒီကဗျာကို သိပ်မကြိုက်ပါ။ ဦးတည်ချက်ကများလွန်းပြီး ဘာက ဘာမှန်းကိုမသိပါ။ ကျုပ်ရဲ့ အားနည်းချက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ReplyDeleteသတ်ပုံ ဒဿန အစရှိသော မပြောပလောက်သည့် ချွတ်ယွင်းတိမ်းပါးမှုများ ရှိသော်ငြားလည်း
ReplyDeleteThis comment has been removed by the author.
ReplyDelete