ကျောင်းမှာမသင်တဲ့စာတွေ ငါ..အိမ်မှာကျက်ရတဲ့အခါ စိတ်လိုလက်ရ ခမ်းနားခွင့်ရတဲ့ရက်တွေမှာ

Tuesday, April 27, 2010

To Liberated area


"To liberated area"


စာသင်တာဖြစ်ဖြစ်...
ကဗျာရေးတာဖြစ်ဖြစ်...
ဘောလုံးပွဲကြည့်တာဖြစ်ဖြစ်...
ဆန္ဒပြတာဖြစ်ဖြစ်...
ဒါ..သင့်အတွက်..ဘူဖေးပဲဖြစ်ပါတယ်။
(ကြိုက်ရာယူငင်စားသုံးလော့)

ဒီကမ္ဘာမှာ ဈေးအကြီးဆုံးပစ္စည်းက
“ငွေအသပြာ”လား
“ရိုးသားမှု” လား
“လူ့အခွင့်အရေး”လား
ဒါမှမဟုတ်...“ငါ့ကဗျာ” တွေများလား။

လက်တစ်ဆုပ်စာအိပ်မက်ပိစိကွေးလေးကိုတောင်
အပိုင်မ၀ယ်နိုင်လို့
အဆင်ပြေမယ်ထင်သလို
နေ့ပြန်တိုးနဲ့ ချေးငှားခဲ့ရ
တစ်ဘ၀စာ။

ကိုယ်ပစ်လိုက်တဲ့မြှားတွေ...
ကိုယ့်ဆီတစ်ဖောက်ဖောက်ပြန်ဝင်လာ
ကိုယ့်အတွက်ကတော့..
ကိုယ်ပေးလိုက်သလောက်ကိုယ်ပြန်ရတာ...
“ကဗျာ”တစ်ပုဒ်ပဲရှိပါတယ်။

ဘုရားသခင်အရေးပေါ်ဖန်ဆင်းသလို
ခါတော်မီပါတီတွေနဲ့..
ဆင်လိုလို...သမင်လိုလို
ဒေါင်းလိုလို...ကျီးလိုလို
ဟိုလိုလို...ဒီလိုလို..တွေများတဲ့လောက
ခေါင်းပေါင်းလှလှလေးနဲ့ဆိုရင်တော့
မင်းသားလိုလို..ဘာလိုလိုပေါ့။

ဒါပေမဲ့
'ဘယ်သူမပြု မိမိမှု'...တဲ့
ဒီ ဘဒ္ဒကမ္ဘာရဲ့ဒပ်ဖနေးရှင်း ကို
လူချများတဲ့..ဘောလုံးပွဲတစ်ပွဲလို့...
ဘာသာပြန်ဖို့ကန့်ကွက်ကြောင်း
ကိုယ်လဲ “မဲ” ၀င်ပေးခဲ့ပါသေးတယ်။

“ဖုဋ္ဌဿ လောကဓမ္မေဟိ၊
စိတ္တံ ယဿ န ကမ္ပတိ။”

အို...
နူးညံ့အေးဆေး...
မာတုဂါမလေး..ငဲ့
စိတ်ကိုငြိမ်အောင်..(ငြိမ်းအောင်)
အသာအယာ သာ မွေးမြူလော့.။


သရ
(၂၀၁၀ ဧပရယ်လ်၂၇)

No comments:

Post a Comment

ဝေဖန်လေကန်ကြမယ်..လာ။